Skip to main content

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂,၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၁

 

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် သိန်း၂၉၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၀ ရက် ည ၁၁ နာရီ တွင် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီး၌ ကျောက်မဲမှ မန္တလေးသို့ ဝေမင်းဟန်(၂၅)နှစ် မောင်းနှင်ပြီး ငြိမ်းချမ်း(၂၄)နှစ် လိုက်ပါလာသည့် ISUZU ၆ ဘီး ကွန်တိန်နာမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁၆ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၄,၀၀၀ ၊ ဘိန်း ကီလို၃၀ တို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဉပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း  သိရသည်။

 

(သတင်းစဉ်)