Jun 25, 2021
၂၀၂၁-၂ဝ၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများ ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
Jun 25, 2021
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၂၀)ကို ဇွန် ၂၅ ရက်ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။ ။
Jun 25, 2021
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှအဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင် တို့သည် ဇွန် ၁၆ ရက်တွင် သာယာဝတီ ဗဟိုအကျဉ်းထောင်ကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့သည် ဇွန် ၂၄ ရက်တွင် ဒိုက်ဦးဗဟိုအကျဉ်းထောင် ကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Jun 25, 2021
နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ (International Maritime Defence Show (IMDS-2021))ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Saint Petersburg မြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စား လှယ်အဖွဲ့ ပါဝင် တက်ရောက် ကြသည်။
Jun 25, 2021
ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူ များအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေးလိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
Jun 25, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 25, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးကောင်းထက်စံ က MRTV မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း လာမှုများကို အောက်ပါအတိုင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်-
Jun 25, 2021
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းရှိ ဘောလုံးအားကစားကွင်းအနီး မြေကွက်လပ်၌ ကျင်းပသည်။
Jun 25, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhuge- tovich Shoigu က မော်စကိုမြို့ရှိ RADISSON Hotel ၌ တည်ခင်းဧည့်ခံသည့် (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ ယမန်နေ့ ညပိုင်းတွင် ညီလာခံသို့တက်ရောက်ခဲ့ကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အတူ တက်ရောက်သည်။
Jun 25, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ ဒေသ စံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။