Skip to main content

Jun 26, 2021

ASEAN Aid တည်ထောင်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ ( One Financial Expert and One Operations Evaluation Expert) အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူလျက်ရှိရာ အာဆီယံလူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်အောက်ရှိ ဝန်ကြီးဌာနများနှင့် ဆပ်စပ် ပြင်ပအဖွဲ့အစည်းများမှ စိတ်ပါဝင် စားသည့် ကျွမ်းကျင်ပညာရှင်များအနေဖြင့် asean@secretarial.org မှတစ်ဆင့် ( ၇ - ၅ - ၂၀၂၁ ) ရက်နေ့ နောက်ဆုံးထား၍ အဆိုပြု လွှာများကို တင်သွင်းနိုင်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါ စေကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေ ညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီးချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးနေ့ အခမ်းအနားများ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၀၂၁ ခုနှစ် ယနေ့ဆိုလျှင် (၃၄) ကြိမ် မြောက်ရှိပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကြေး လိမ်လည်ကောက်ခံသူဒေါက်တာစိုင်းပြည့်စုံချမ်းကို ဖမ်းဆီးရမိကြောင်း သတင်းကြေညာသွားသည်။ စိုင်းပြည့်စုံချမ်း ၅၁နှစ် (ဘ) ဦးချမ်းအေး အထူးကု ဆရာဝန် (အထွေထွေဆေးပညာ)ဆိုသူမှာ ဆရာဝန် မဟုတ်ပါ။ လူလိမ်လူညာတစ်ဦးသာ ဖြစ်ပါသည်။ “လူလိမ်လူညာ စိုင်းပြည့်စုံချမ်းတော့ ထပ်လိမ်လို့ နောက်တစ်ကြိမ် အဖမ်းခံသွားရပြန်ပြီါ” ဟု သူငယ်ချင်းဖြစ်သူအား ဖုန်းဆက်ပြောမိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၄) ရပ်ကွက်နေ သူဇာ (ခ) ရှမ်းမ (ဘ) ဦးစိုးမြင့်သည် ဖေဖော်ဝါရီ ၅ ရက် မှ ဧပြီ ၂၈ ရက်အထိ ကာလများအတွင်းတွင် လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာတစ်ဝိုက်ရှိ တောင်ကုန်းပေါ်၌ လူအင်အား ၃၀ ခန့်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုပ်ငန်းအဖွဲ့ကို အနိုင်ထက်ဖြစ်စေ၊ သောင်းကျန်းသောနည်းဖြင့်ဖြစ်စေ ဖြိုဖျက်ရန် (သို့မဟုတ်) ဖျက်ဆီးရန် သင်တန်း တက်ရောက်သင်ကြားခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ(က) အရ ၎င်းအား ဇွန် ၂၄ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်” အမိန့်ကို ချမှတ်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ယနေ့သည် (၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။ ဤနေ့တွင် လူသားမျိုးနွယ် တစ်ရပ်လုံးကို လူညွန့်တုံးအောင် ဖျက်ဆီးလျက်ရှိသော မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲမှုများကို ကမ္ဘာ့နိုင်ငံအသီးသီးက အသိပညာပေးပိုင်းဝန်းလှုံ့ဆော် ပေးကာ ထိရောက်စွာတိုက်ဖျက်နိုင်ရေး ဆောင်ရွက်ကြခြင်းကို ရည်ညွှန်းသောနေ့ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂၁) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန၏၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် (၂၀၁/၂ နှင့် ၂၀၁/၄) ကြား၊ နေပြည်တော်အဝင် (စီလမ်းဆုံ) ပရဝုဏ်အတွင်း၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဇွန် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း၊ ဒေါပုံသင်္ဘောကျင်း၊ စက်ဆန်း သင်္ဘောကျင်း၊ သိမ်ဖြူသင်္ဘောကျင်း၊ ဒလသင်္ဘောကျင်းနှင့် အံ့ကြီးသင်္ဘောကျင်းနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်