Jun 30, 2021
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ညောင်တုန်း မြို့နယ်နှင့် ဓနုဖြူမြို့နယ်များရှိ စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များ စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး ထောက်ပံ့ခြင်းနှင့် မိသားစုဝင် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မအူပင်မြို့ နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
Jun 30, 2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံပညာအထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများ ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
Jun 30, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃/၀) မှ (၅/၄)ကြားရှိ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် Eco Green City Projectရှင်းလင်းဆောင်တွင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလုပ်ငန်းများ ရှင်းလင်းတင်ပြရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည် များကို မှာကြားသည်။
Jun 30, 2021
မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂ ခုနှစ် မတ်လအထိ ၆ လ ဘတ်ဂျက် အရ၊ အသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြတောင်းခံထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး လွှတ်တော်ရုံးဟောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
Jun 30, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushina Tatana အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည် -
Jun 30, 2021
မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုကျင်းပကာ အများစု အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာ လွှဲအပ်ပေးပြီး ဒီမိုကရေစီနိုင်ငံသစ်ကို စတင် တည်ဆောက်ခဲ့သည်။ အများပြည်သူ လိုလားနှစ်သက်သည့် ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံသူ နိုင်ငံသား များ အကျိုးစီးပွားများကို ဒီမိုကရေစီစနစ်နှင့်အညီ အထိုက်အလျောက် အကောင်အထည်ဖော်နိုင် ခဲ့သည်။
Jun 30, 2021
ယနေ့ခေတ်သည် သတင်းအချက်အလက်များ အလွန်လျင်မြန်စွာ စီးဆင်းနေသောခေတ်ဖြစ်သည်။ အိုင်တီနည်းပညာ၏ ကျေးဇူး ဖြင့် ကမ္ဘာ့ချောင်ကြိုချောင်ကြားမှ သတင်းများသည်ပင် အရုပ်၊ အသံ၊ စာသားများဖြင့် စက္ကန့်ပိုင်းအတွင်း ပျံ့နှံ့သွားနိုင်သော ခေတ်လည်းဖြစ်သည်။ သတင်းအချက်အလက် များ၊ ဖြစ်ရပ်များကို အများပြည်သူထံသို့ မီဒီယာနည်းလမ်းမျိုးစုံဖြင့် ပေးပို့ရာတွင် သတင်းမီဒီယာ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေကြသည့် ပညာရှင်များမှာ ကျင့်ဝတ်ကို စောင့်ထိန်းကြရ သည်။ အများပြည်သူထံ ပို့ဆောင်ပေးလိုက်သည့် သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှု အတွက် တာဝန်ယူကြရသည်။ သတင်း ရယူသူ ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ မှန်မှန်ကန်ကန် ရရှိမှသာ ၎င်းတို့၏ ပတ်ဝန်းကျင်ကိုဖြစ်စေ၊ ကမ္ဘာလောကကြီးကိုဖြစ်စေ မှန်ကန်စွာ နားလည်နိုင်မည်ဖြစ်သည်။
Jun 29, 2021
(၂၈-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၈,၂၃၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၃၁၂) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၇၂၆,၄၀၂) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၅,၆၉၇) ဦး ရှိပြီ ဖြစ်ပါသည်။
Jun 29, 2021
ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း (Early Childhood Intervention- ECI) စီမံချက် (မူကြမ်း) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံး EC အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပသည်။