Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး မြေပြင်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇူလိုင် ၂၈

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး မြေပြင်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ၊ လိုအပ်ချက်များ ဖော်ထုတ်ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ အစည်းများမှ ကိုယ်စား လှယ်များနှင့်လည်းကောင်း၊ ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့မှစေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း Online စနစ်ဖြင့် ကျင်းပသည်။ ဝယ်ယူပံ့ပိုးပေးလျက်ရှိ ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က လက်ရှိအချိန်တွင် ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ရောဂါ အပြင် သဘာဝဘေးကိုပါ စတင် ကြုံတွေ့နေ ရပါကြောင်း၊ တတိယ လှိုင်းတွင် ကြုံတွေ့နေရသည့် မျိုးကွဲဗိုင်းရပ်စ်သည် ပိုမိုကူးစက် မှုမြန်ပြီး ပိုမိုပြင်းထန်သဖြင့် ယခင်ကအသက် (၆၀) ကျော်များ သာ သေဆုံးမှုများရှိခဲ့သော်လည်း ယခုအခါ ကျန်းမာသန်စွမ်းသူများပင် သေဆုံးမှုများ ရှိနေပါကြောင်း၊ တတိယလှိုင်းတွင် ထူးခြား ချက်အနေဖြင့် ဆရာဝန်၊ သူနာပြု အင်အား မလုံလောက်မှုများ လည်း ကြုံတွေ့နေရပါကြောင်း၊ ယခုတတိယလှိုင်း ဖြစ်ပွားသည့် ကာလတွင် အောက်ဆီဂျင် လိုအပ် ချက် ပြဿနာထပ်တိုး ရင်ဆိုင်လာရသည့်အတွက် နိုင်ငံတော်မှ ဝယ်ယူပံ့ပိုးပေးလျက် ရှိပါကြောင်း၊ ယခုနိုင်ငံတော်မှ ကာကွယ်ဆေးကို အရှိန်အဟုန် ဖြင့် ထိုးနှံရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထု ၏ ကျန်းမာရေးကို ပါဝင်ကူညီ ရာတွင် သက်ဆိုင်ရာမြို့နယ်များ အလိုက်နိုင်ငံတော်မှ ဖွဲ့စည်းထား သည့်ထိန်းချုပ် တုံ့ပြန်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြား သည်။ အမှာစကားပြောကြား ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကား ပြောကြားသည်။ လိုအပ်ချက် များကို တင်ပြ ဆက်လက်၍ တက်ရောက် လာကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်(၈) ခုမှစေတနာ့ဝန်ထမ်း များနှင့် ပရဟိတအဖွဲ့ အစည်း ကိုယ်စားလှယ်များက ဒေသ အလိုက်ကြုံတွေ့နေရသည့်အခက် အခဲ၊ ပံ့ပိုးပေးရန် လိုအပ်ချက် များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်