Skip to main content

Aug 20, 2021

မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ကူးစက်နှုန်း မြင့်မားနေချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်းပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ဘက်ပေါင်းစုံမှ အစွမ်းကုန် ဆောင်ရွက်လျက်ရှိပါ သည်။ မိဘပြည်သူများအနေဖြင့်လည်း ကိုဗစ်ရောဂါ အန္တရာယ် အတွက်စိုးရိမ်ပူပန်နေကြရသလို ကျန်းမာရေးဝန်ကြီးဌာန၏သတ်မှတ် ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါအား တက်ကြွစွာ ပူးပေါင်းကာ ကွယ်တိုက်ဖျက်လျက်ရှိပါသည်။ ။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၁၈ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီး သီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိလွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၁၉ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၂၅ ခုမှ Favipiravir Tablets ၁၈၈၁ ခု၊ Test Kit ၆၇၆၀၊ LCD (Patient Monitor) ၃၀၊ Oximeter ၁၆၆၃ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၇၃၉ ခု၊ Oxygen Mask ၅၀၀၀၊ Oxygen Sensor ၃၀၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသဆေးနှင့် အခြားဆေးမျိုးစုံ ၅၄၇၀၅ ဒသမ ၆၉ ကီလိုဂရမ်၊ နယ်စပ် | (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်)တွင် ကုမ္ပဏီ ၂၃ ခုမှ | Oxygen Cylinder ၆၅၂၅ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၅၉၆ ခု၊နှာခေါင်းစည်း ၆၅၅၃၈ ခု၊ Liquid Oxygen ၁၅၀၈၀ ဒသမ ၁ ကီလိုဂရမ်၊ Liquid Oxygen တန် ၂၀၊ Flow Meter ၆၃၀၀ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၂၆၈၅၀၊ Oxygen Mask ၁၅၀၀၊ Trolley ၃၅၀၊ Disposable Syringe ၂၂၁၆၀၊ မျက်နှာအကာ ၁၀၂ ကီလိုဂရမ်၊ Goggle ၂၈၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် ပိတ်ရက်မရှိ စီစဉ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator ၇၃၉ | ခု၊ Test Kit ၆၇၆၀ နှင့်ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၁၀ တန်၊ အောက်ဆီဂျင်အိုး(အခွံ) ၈၆၄၀၊ Oxygen Plantတစ်ခု၊ အိမ်သုံး အောက်ဆီဂျင် စက် (Oxygen Concentrator) ၁၀၉၀၊ PPE ဝတ်စုံ ၄၄၀၀ နှင့် နှာခေါင်းစည်း (Mask) ၁၅ တန် တင်သွင်း နိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၁၇ ခုမှ ယာဉ်စီးရေ ၃၅ စီးဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက အင်းစိန်မြို့နယ် ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်း၌ ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံ များဌာနမှ ငါး/ပုစွန်အမျိုးမျိုးတို့ကို ရွေ့လျားဈေးကားစနစ်ဖြင့် ရောင်းချနေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ ။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြေ ရွှေလက်လှစေတီတော်၊ ဇမ္ဗူရာဇ်သိဂီသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။အခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့ နယ် မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တသုဇန အမှူးပြုသော ဆရာတော်ကြီးသုံးပါး ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊နှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများ လွှမ်းမိုး လာစေရန် လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ အသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၂ ဦးက အရပ်သားပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်နယ်မြေ အတွင်းရှိ မြန်မာ့စာတိုက် လုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော်ဗဟို စာတိုက်ကြီး၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းဒေတာစင်တာနှင့် မိုဘိုင်း ဆက်သွယ်ရေးအိတ်ချိန်း၊ မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးနှင့် စက်ခေါင်းသစ် တပ်ဆင်ထုတ် လုပ်ရေးစက်ရုံ (နေပြည်တော်) တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်