နေပြည်တော် ဩဂုတ် ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် ပိတ်ရက်မရှိ စီစဉ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator ၇၃၉ | ခု၊ Test Kit ၆၇၆၀ နှင့်ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၁၀ တန်၊ အောက်ဆီဂျင်အိုး(အခွံ) ၈၆၄၀၊ Oxygen Plantတစ်ခု၊ အိမ်သုံး အောက်ဆီဂျင် စက် (Oxygen Concentrator) ၁၀၉၀၊ PPE ဝတ်စုံ ၄၄၀၀ နှင့် နှာခေါင်းစည်း (Mask) ၁၅ တန် တင်သွင်း နိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၁၇ ခုမှ ယာဉ်စီးရေ ၃၅ စီးဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ ၁၀၂၂ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်ဖြင့် ၁၀၂၅တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၂၅၇ တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် ၇၂ တန်၊ အောက်ဆီဂျင် (အရည်) Storage Container ၁၂ ခု၊ အောက်ဆီဂျင် (အရည်) Distributor ခြောက်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၂၉၈၄၀၊ Oxygen Plant ၃၃ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် နှစ်ခု၊အောက်ဆီဂျင် (Generator) ၁၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၈၁၄၂၇ ခု၊ Test Kit ၁၅၇၈၀၈ခု၊ PPE ဝတ်စုံ ၅၅၁၀၆၅စုံ၊ လက်အိတ် ၈၃ တန်နှင့် နှာခေါင်းစည်း (Mask) ၁၂၉၃ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၁၉ ရက် အထိ ပြည်ပမှတင်သွင်းလာသည့် အောက်ဆီဂျင် အရည် (Bowser) ယာဉ် စုစုပေါင်း ၉၁ စီးမှာ ရန်ကုန် မြို့သို့ ၆၈ စီး၊ မန္တလေးမြို့သို့၁၅ စီး၊ မော်လမြိုင်မြို့သို့လေးစီး၊ ပဲခူးမြို့သို့ နှစ်စီး၊ သထုံမြို့သို့ တစ်စီး၊ သံဖြူဇရပ်မြို့သို့ တစ်စီးဖြစ်ကြောင်း သိရှိရသည်။ Oxygen Plant စုစုပေါင်း ၄၁ ခုမှာရန်ကုန်မြို့သို့ ၁၁ ခု၊ လားရှိုးမြို့သို့ ငါးခု၊ ပဲခူးမြို့သို့ လေးခု၊ မန္တလေး မြို့သို့ လေးခု၊ ကျောက်ပန်းတောင်းမြို့သို့ သုံးခု၊ ( ပခုက္ကူမြို့ သို့ နှစ်ခု၊ ဘားအံမြို့သို့ နှစ်ခု၊ မော်လမြိုင် မြို့သို့ နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ မိုးကောင်းမြို့နှင့်ကျောက်တံခါးမြို့များသို့ တစ်ခုစီဖြစ် ကြောင်းသိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူ မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာတာ ဝန်ရှိသူများထံတိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်း နိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကို လည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင် ရွက်ပေးထားပါကြောင်း သိရသည်။
သတင်းစဉ်