နေပြည်တော် ဩဂုတ် ၁၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီး သီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိလွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၁၉ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၂၅ ခုမှ Favipiravir Tablets ၁၈၈၁ ခု၊ Test Kit ၆၇၆၀၊ LCD (Patient Monitor) ၃၀၊ Oximeter ၁၆၆၃ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၇၃၉ ခု၊ Oxygen Mask ၅၀၀၀၊ Oxygen Sensor ၃၀၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသဆေးနှင့် အခြားဆေးမျိုးစုံ ၅၄၇၀၅ ဒသမ ၆၉ ကီလိုဂရမ်၊ နယ်စပ် | (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်)တွင် ကုမ္ပဏီ ၂၃ ခုမှ | Oxygen Cylinder ၆၅၂၅ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၅၉၆ ခု၊နှာခေါင်းစည်း ၆၅၅၃၈ ခု၊ Liquid Oxygen ၁၅၀၈၀ ဒသမ ၁ ကီလိုဂရမ်၊ Liquid Oxygen တန် ၂၀၊ Flow Meter ၆၃၀၀ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၂၆၈၅၀၊ Oxygen Mask ၁၅၀၀၊ Trolley ၃၅၀၊ Disposable Syringe ၂၂၁၆၀၊ မျက်နှာအကာ ၁၀၂ ကီလိုဂရမ်၊ Goggle ၂၈၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်