နေပြည်တော် ဩဂုတ် ၁၉
လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြေ ရွှေလက်လှစေတီတော်၊ ဇမ္ဗူရာဇ်သိဂီသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။အခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့ နယ် မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တသုဇန အမှူးပြုသော ဆရာတော်ကြီးသုံးပါး ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာလယ်ဝေးမြို့နယ်သရက်တောပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တကုမာရ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော် မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးကသာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လယ်ဝေးမြို့နယ် သရက်တောကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း များအား ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းကိုးကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၅၀၂ ပါးနှင့် သီလရှင်ကျောင်း လေးကျောင်းမှ သီလရှင် ၅၁၇ ပါးတို့အား ဆွမ်းဆန်တော် ၁၀၂ အိတ်၊ ဆီ ၃၀၅ ပိဿာ၊ ပဲ ၄၁ အိတ်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းကာလများအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၆၂၄ ကျောင်းရှိ ရဟန်း၊ သာမဏေ ၁၄၈၈၄ ပါးနှင့် သီလရှင်ကျောင်း ၅၇ ကျောင်းရှိ သီလရှင် ၃၆၁၇ ပါးတို့အတွက် ဆွမ်းဆန် တော်အိတ် ၃၀၁၁ အိတ်၊ ဆီ ၆၅၅ ပိဿာနှင့် ပဲ ၈၇ အိတ်တို့ကို လှူဒါန်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး | အတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၃ တိုက်မှ ရဟန်းသာမဏေ ၅၇၅၉ ပါးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀ တိုက်မှ ရဟန်း ( သာမဏေအပါး ၁၉၅၀၊ စုစုပေါင်း စာသင်တိုက် ၂၃ တိုက်မှ ရဟန်းသာမဏေ ၇၇၀၉ ပါးတို့အား ဆွမ်း ဆက်ကပ်နိုင်ရန်အတွက် ပဒေသာပင် ငွေကျပ်သိန်း ၁၄၀၀ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်