မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ကူးစက်နှုန်း မြင့်မားနေချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်းပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ဘက်ပေါင်းစုံမှ အစွမ်းကုန် ဆောင်ရွက်လျက်ရှိပါ သည်။ မိဘပြည်သူများအနေဖြင့်လည်း ကိုဗစ်ရောဂါ အန္တရာယ် အတွက်စိုးရိမ်ပူပန်နေကြရသလို ကျန်းမာရေးဝန်ကြီးဌာန၏သတ်မှတ် ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါအား တက်ကြွစွာ ပူးပေါင်းကာ ကွယ်တိုက်ဖျက်လျက်ရှိပါသည်။ ။
ထိုသို့ဆောင်ရွက်နေစဉ်တွင် နိုင်ငံတော်အစိုးရမှ အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ် ထားသည့် NUG အဖွဲ့ နှင့် ၎င်းတို့ကိုထောက်ခံသော အစွန်းရောက် NLD ပါတီဝင်များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အမည်ခံ အဖျက်သမားများသည် အစိုးရယန္တရားများ ရပ်ဆိုင်းစေရေးအတွက် အရပ်ဘက်ပစ်မှတ်များဖြစ်သည့် စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ အုပ်ချုပ်ရေးမှူး များ၊ အခြားပါတီဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိပါသည်။ ။
ယခုအခါအဆိုပါ အကြမ်းဖက်အဖွဲ့များက ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် အပြစ်မဲ့ပြည်သူ လူထုကိုထိခိုက်နစ်နာစေမည့် ကိုဗစ်၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် အပြစ်မဲ့ ပြည်သူများအား အောက်ဖော်ပြပါအတိုင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြပါသည်-
(က) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့်နေရာများနှင့် ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အပြစ်မဲ့ပြည်သူများအား ဗုံးခွဲတိုက်ခိုက်ခြင်း။
(ခ) ကိုဗစ်ရောဂါ စစ်ဆေးရေးဂိတ်များအား ဗုံးခွဲတိုက်ခိုက်ခြင်း။
(ဂ) ကိုဗစ်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်ဆောင်လာသည့်ယာဉ်များအား ဗုံးခွဲ တိုက်ခိုက်ခြင်း။
(ဃ) မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံအောက်ဆီဂျင်ပိုက်လိုင်းများအား ဖျက်ဆီးခြင်း။
( င) ကာကွယ်ဆေးထိုးနှံပြီး ပြန်လာသူများအား လမ်းမှစောင့်၍ လုပ်ကြံသတ်ဖြတ်ခြင်း။ (စ) ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေပေးနေသည့်ပရဟိတအဖွဲ့ဝင်များအား လုပ်ကြံသတ် ဖြတ်ခြင်း။
(ဆ) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရေးလုပ်ငန်းများတွင် ဦးဆောင်ပါဝင် ဆောင်ရွက်နေသူ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း။
(ဇ) ပရဟိတအယောင်ဆောင်၍ PPE ဝတ်စုံဝတ်ဆင်ပြီးအပြစ်မဲ့ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်ခြင်း။ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံတော်၏ကျန်းမာ ရေးကဏ္ဍ ပြိုလဲပျက်စီးစေရန် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပြီး မိဘ ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေး နှင့် မိသားစုဘဝလုံခြုံရေးအတွက် အလွန်အန္တရာယ်ကြီးမားသည့် လုပ်ရပ်များဖြစ် ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချပြီး ရောဂါ ပျံ့နှံ့စေရန် ရည်ရွယ် ချက်ဖြင့် ပိုးဖြန့်သပိတ်များ လူစုလူဝေးဖြင့် ဆင်နွှဲ ခြင်း၊ ရောဂါပိုးရှိပြီးသူများနှင့် ထိတွေ့ မှုဖြစ်စေခြင်း၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် ပတ်သက်သည့်သတင်းအမှားများ ထုတ်လွှင့် ခြင်းများကို ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရပါသည်။
အထက်ပါ အဆင်အခြင်မဲ့ ဆောင်ရွက်ချက်များ အားလုံးသည် ကိုဗစ်ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းများကို ထိခိုက်ပျက်စီး စေနိုင်သည့် ဇီဝနည်းအရ အကြမ်းဖက်မှု Bioterrorismကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ကျူးလွန်ခြင်းဖြစ်ပြီး မည်သည့် နိုင်ငံတကာ အသိုက်အဝန်းနှင့် အဖွဲ့အစည်းများကမှ လက်မခံနိုင်သည့် အကြမ်းဖက်လုပ်ရပ် များဖြစ်ပါသည်။
သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူ လူထုအကျိုးစီးပွား၊ အသက် အိုးအိမ်ကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် အကြမ်းဖက်လုပ်ရပ်များအားလုံး ရပ်တန့်စေရေး အတွက် ပြစ်မှု ကျူးလွန်ထားသည့် အကြမ်းဖက်သမားများ၊ နောက်ကွယ်မှ စီစဉ် ကြိုးကိုင် ဆောင်ရွက်နေသူများနှင့် အားပေးအားမြှောက် ပြုလုပ်နေသူ များအား ၎င်းတို့ ကျူးလွန် ထားသည့် ပြစ်မှုများအလိုက် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်လှစ်ထားရှိပြီး အရေးယူ အပြစ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
၎င်းအပြင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် နိုင်ငံတကာမှ ဆန့်ကျင် ရှုတ်ချတားဆီးပေးနိုင်ရေးအတွက်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ သံတမန်နည်းလမ်းများနှင့်အညီ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး အောက်ပါနိုင်ငံတကာအဖွဲ့ အစည်းများနှင့် ရုံးဌာနများသို့ အကြောင်းကြားစာများ ပေးပို့ထားပြီးဖြစ်ပါသည်
(က) မြန်မာနိုင်ငံရှိ ပြည်ပသံရုံးများ။
(ခ) မြန်မာနိုင်ငံရှိ နိုင်ငံတကာအဖွဲ့ အစည်းများ။ (ဂ) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးအမှုဆောင်အရာရှိချုပ်ရုံး။ ။
(ဃ) အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ
အကြမ်းဖက်မှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းရုံး။
(c) အာဆီယံအမျိုးသားရဲအဖွဲ့ အတွင်းရေးမှူးရုံးနှင့်အာဆီယံရဲအဖွဲ့ (၉) နိုင်ငံ။ ။
(စ) အာဆီယံအပေါင်းအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင် လုပ်ငန်းအဖွဲ့ များ။
(ဆ) INTERPOL အထွေထွေ အတွင်းရေးမှူးချုပ်နှင့်INTERPOL ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန။
(ဇ) BIMSTEC အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့။
(ဈ) တရုတ်၊ ရုရှား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ပြည်ထဲရေး ဝန်ကြီးများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့များ။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မိဘပြည်သူများ အနေဖြင့် လူသားအားလုံး၏ အန္တရာယ်ဖြစ်သည့် ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ဆက်လက်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် မည်သည့် လူ့အဖွဲ့အစည်း၊ မည်သည့်နိုင်ငံကမှလက်မခံသည့် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်သမားများအား မြန်မာနိုင်ငံမှ အပြီးတိုင်ကွယ်ပျောက် သွားရေးအတွက် ဆက်လက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြပါ ရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။