Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁)ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား

 

နေပြည်တော်၊ ဩဂုတ် - ၃၁ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီ အစည်းအဝေးအမှတ် စဉ်(၄/၂၀၂၁)အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါက်တာ ဒေါ်သီတာဦးနှင့်  ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုး ရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင် ကျော်မင်း၊ ရှမ်း ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းတို့က Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ သည် နိုင်ငံအတွက်အရေးကြီးသည့် လုပ်ငန်းရပ်များဆောင်ရွက်နေသည့် ကော်မတီတစ်ရပ်ဖြစ်သည့် အခြေအနေ၊ နယ်စပ် ကုန်သွယ် ရေးစခန်းများ၌ လုံခြုံရေးဆိုင်ရာများ စနစ်တကျရှိစေရေးနှင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်နက်နယ် မြေဖြစ်သဖြင့် မိမိတို့အစိုးရ၏ စီမံခန့်ခွဲမှုအပြည့်အဝရှိရန် လိုအပ်မှု အခြေအနေ၊ သစ်တောမြေများနှင့်ပတ်သက်၍ စနစ်တကျအ သုံးပြုရန် လိုအပ်မှုနှင့် စိုက်ပျိုးမြေများအား အခြားကိစ္စရပ်များတွင် အသုံးပြုခြင်းများ မပြုလုပ်ရန် လိုအပ်မှုအခြေအနေ၊ မြို့ရွာများစီမံခန့်ခွဲ ရေးတွင် ရေရှည်အတွက်စဉ်းစား၍ စီမံ ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ နိုင်ငံအတွင်းလုံခြုံ ရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ် များနှင့် နိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အကျယ် တဝင့်ရှင်းလင်း မှာကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးချုပ် များက သက်ဆိုင်ရာ ကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

 

(သတင်းစဉ်)