နေပြည်တော် ဩဂုတ် ၃၁
အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံး ကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေးအတွက် ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များသည် ပုသိမ်တပ်နယ်အတွင်းရှိနယ်မြေခံတပ်များတွင် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့်ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ စိုက်ခင်းများမှသီးနှံများကို နယ်မြေခံတပ်မတော်သားများက ဒေသပေါက်ဈေး အတိုင်း ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရေငံကျေးရွာရှိ ဒေသခံတောင်သူများထံမှ ကြက်သွန်နီ ၁၈၀၀၀ ပိဿာကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဒေသပေါက်ဈေးအတိုင်း သွားရောက်ဝယ် ယူအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်