Sep 11, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ် စခန်း (၄)ခု တို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ (၁၆)ခု မှ ယာဉ်စီးရေ (၂၄)စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီးဖြင့် (၄၀) တန်၊ Storage Container/ Tank (၁) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၁)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၂၃၃၀)ခု၊ Oxygen Plant (၄)ခု၊ Oxygen Generator(၆)ခု၊ အိမ်သုံး Oxygen Concentrator (၁)ခု နှင့် နှာခေါင်းစည်း (Mask) (၄၅)တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် (Bowser)ယာဉ် (၂)စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant (၄)ခု မှာ ရန်ကုန်မြို့သို့ (၃)ခုနှင့် တန့်ယန်းမြို့သို့(၁)ခုတို့ ဖြစ်ကြောင်း သိရှိရသည်။
Sep 11, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် စက်တင်ဘာ ၉ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၆) စက်မှုသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
Sep 11, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက်တွင် ညောင်ဦးမြို့၊ မဟာဝိသုတာရာမတိုက်သစ် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာသီရိ ထံမှ ငါးပါးသီလခံယူပြီး နဝကမ္မ အလှူငွေကျပ်သိန်း (၅၀)နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းလျှောက်ထားသည်။
Sep 11, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
Sep 11, 2021
စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်းကျေးရွာနေ ဒေါ်ခင်မာဌေး (၄၀ နှစ်)နှင့် သမီးဖြစ်သူ မစန္ဒီဖြိုးတို့ နှစ်ဦး အိမ်ရှေ့တွင် ထိုင်နေစဉ် တစ်ရွာတည်းနေထိုင်သူ ညီကျော် ၃၀ နှစ်(ဘ)ဦးမြတ်အေး မှ သေနတ် အမျိုးအစား (စိစစ်ဆဲ)ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ပြီး ရွာအရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
Sep 11, 2021
ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဘဏ်လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပရာ ရန်ကုန်မြို့တော် ဘဏ်လီမိတက် နာယက၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့တော်ဘဏ်ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ဒါရိုက်တာများ၊ သီးခြားလွတ်လပ်သော ဒါရိုက်တာများ၊ ဥပဒေအကြံပေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 11, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ သဗ္ဗညု ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် ဆွမ်းဆန်တော် ၂၁ အိတ်၊ ဆီ ၆၆ ပိဿာခွဲ၊ ကုလားပဲ ၁၃၃ ပိဿာတို့ကို လှူဒါန်းရာ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးလင်းအောင်မိုး၊ မိုင်းဆတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ရှိသူများ တက်ရောက် လှူဒါန်းကြသည်။
Sep 11, 2021
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော် အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။
Sep 11, 2021
နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် သီရိရတနာ အဆင့်မြင့်ဈေးဆိုင်ခန်းများ ပတ်ဝန်းကျင် လမ်းဘေး ဝဲ/ယာ မြက်ချုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့ရှိ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ ကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရွှေချီရပ်ကွက် အ.ထ.က(၁)အနီး လမ်းဘေးတစ်လျှောက် စည်းကမ်းမဲ့အမှိုက်များ စနစ်တကျ စွန့်ပစ်သိမ်းဆည်းနိုင်ရန် အလျားပေ(၂၀)၊ အနံ(၈)ပေနှင့် အမြင့် (၅)ပေ အရွယ်အစားရှိ အမှိုက်ကန်ထားရှိမည့်နေရာတွင် ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊