Sep 11, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Sep 11, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာအတွင်းသို့ PDF အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Sep 11, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ တိုင်းရင်းသား ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်နေမှုအပေါ်တွင် မလိုလားသော အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ ယင်းက ဖွဲ့စည်းထားသော NUG၊ ယင်းကဖွဲ့စည်းသည့် PDF နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်း များက နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ထိုသို့လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသုံးစွဲခဲ့ကြပြီး အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
Sep 11, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့်အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်း၊ ရွှေဟော် (ဝဲပုံ)၊ မြဝတီနှင့် တာချီ လိတ် ကုန်သွယ်ရေးစခန်း လေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီခြောက်ခုမှ ယာဉ်စီးရေအစီး ၂၀ ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် ၁၉ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၂၁၆၁ ခု၊ Oxygen Plant ၅ခု၊ Oxygen Generator တစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၂၁၃ နှင့် နှာခေါင်းစည်း (Mask) ၁၀၈ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant ငါးခုမှာ ရန်ကုန် မြို့သို့ သုံးခု၊ တာချီလိတ်နှင့်မော်လမြိုင်မြို့တို့သို့ တစ်ခုစီဖြစ် ကြောင်း သိရသည်။
Sep 11, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် အာဆီယံ - ကိုရီးယားဗဟိုဌာနနှင့် ကိုရီးယားနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းက “Rebooting Digital Marketing for Tourism” ခေါင်းစဉ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် Online Live Streaming စနစ်ဖြင့် ကျင်းပသည့် အာဆီယံ- ကိုရီးယား ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ (Seminar on ASEAN-Korea Tourism 2021)ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်နေမှုကို ကြည့်ရှုအားပေးသည်။
Sep 11, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် စက်တင်ဘာ ၁၀ မှ ၁၃ ရက်အထိ ကျင်းပမည့် (၁၈)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Online ဖြင့် တက်ရောက် သည်။
Sep 11, 2021
ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုကို အခြေအနေအမျိုးမျိုးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်စွက်ရေးနှင့် အခက်အခဲများ ဖြည့်ဆည်းပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် စက်တင်ဘာ ၉ ရက်တွင် လည်းကောင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့နှင့် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများသည် သက်ဆိုင်ရာဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
Sep 11, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အတူ စက်တင်ဘာ ၉ ရက်တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီ ပုထိုးများ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက် ပြီးစီးမှုများ၊ ဟိုတယ်တည်ဆောက်မှုနှင့် ကျူးကျော်နေအိမ်များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
Sep 11, 2021
Coronavirus Disease 2019 (COVID-19) copolကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ သို့ အလှူငွေနှင့် Oxygen Concentratorများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာန covID-19 Central Command Center တွင် ကျင်းပသည်။
Sep 11, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနဧည့်ခန်း၌ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ ဗဟိုဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။