Skip to main content

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး ဒဂုံမြို့နယ် ရွေ့လျားဈေးကား ရောင်းချမှုနှင့် မြို့နယ်သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်နေမှု စစ်ဆေး

 

ရန်ကုန် စက်တင်ဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ထမ်းလိုင်းခန်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ ရောင်းချနေမှုကို လည်းကောင်း၊  အဆိုပါရုံးဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်းရှင်းလင်းနေမှု၊ မြေယာရှုခင်းသန့်ရှင်း သပ်ရပ်စေရေးအတွက် ပန်းပင်များ ရှင်းလင်း ပုံသွင်းနေမှုနှင့် သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းနေမှု တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)