Sep 08, 2021
ဩဂုတ် ၁၄ ရက်နေ့တွင် အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန် မြို့ပတ်ရထားတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင် ၆ ဦးအား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ လက်နက် ၄ လက်နှင့်ခဲယမ်းအချို့ကို ယူဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ၅ ဦးအား ဖမ်းဆီးရမိခဲ့သည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။
Sep 08, 2021
ဩဂုတ် ၁၄ ရက်နေ့တွင် အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန် မြို့ပတ် ရထားတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင် ၆ ဦးအား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ လက်နက် ၄ လက်နှင့်ခဲယမ်းအချို့ကို ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ၅ ဦးအား ဖမ်းဆီးရမိခဲ့သည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။
Sep 08, 2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းနှင့် ကရုဏာ လမ်းဆုံ၌ စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်း ပစ်ခတ်ဖောက်ခွဲသူ ၂ ဦးအား အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
Sep 08, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာ ရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူ ဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Sep 08, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း ယနေ့နေ့လယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တောင်ကြီး-ရွှေညောင်သွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၁၂ / ၂ )တွင် သစ်ပင်ကြီး များလဲ ကျခဲ့ပြီး မိုင်တိုင်အမှတ် (၁၁၁/ ၅)တွင် တောင်ကမ်းပါးယံရှိ မြေကြီးများပြိုကျခဲ့သဖြင့် လမ်းပိတ်ဆို့ခြင်း များ ဖြစ်ပေါ်ခဲ့သည်။
Sep 08, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၇ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၄၆ ဦး၊ စုစုပေါင်း ၉၇ ဦးနှင့် ရန်လုံကျိုင်း တံတားမှ အမျိုးသား ၂ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည် နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၀၆ ဦး၊ စုစုပေါင်း ၂၀၂ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့သည်။
Sep 08, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လ(၈)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (11th Mekong-Korea Cooperation Foreign Ministers Meeting)သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
Sep 08, 2021
ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၁၅)ကို စက်တင်ဘာ(၁၀)ရက်၊ သောကြာနေ့ ည(၈)နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့် ပြသမည် ဖြစ်သည်။
Sep 08, 2021
အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (Asian Organisation of Supreme Audit Institutions: ASOSAI) ၏ (၁၅) ကြိမ်မြောက် စုံညီ ညီလာခံကို စက်တင်ဘာ (၇) ရက်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ပြီး ယနေ့တွင် ASOSAI ၏ (၈) ကြိမ်မြောက်စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပသည်။
Sep 08, 2021
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။