Skip to main content

Sep 12, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့မှ ဒေသတွင်း လမ်းပန်း ဆက်သွယ်မှု ခက်ခဲကာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ ကျေးရွာအုပ်စုချင်း ဆက်သွယ်ထားသည့် မြစ်သာမြစ်ကူး ကြိုးတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် NUG ၊ CRPH ၊ PDF အဖွဲ့များနှင့် အစွန်း ရောက် NLD ပါတီဝင်များသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် ဆန့်ကျင်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူလူထုဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ အစိုးရယန္တရားလည်ပတ်မှု ရပ်တန့်စေရန် CDM လှုပ်ရှားမှုများအား ကြိုးကိုင်စီစဉ်ခြင်း၊ အုပ်ချုပ်မှုယန္တရားများ ရပ်ဆိုင်းစေရန် အုပ်ချုပ်ရေးမှူးများအား လုပ်ကြံသတ်ဖြတ်စေခြင်း၊ “ ငါနဲ့မတူ - ငါ့ရန်သူ ” အယူအဆဖြင့် NLD ပါတီအား မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား အခကြေးငွေပေး၍ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်စေခြင်းနှင့် မကြာမီကျင်းပ တော့မည့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂညီလာခံနှင့် အချိန်ကိုက်၍ နိုင်ငံအနှံ့ တည်ငြိမ်မှုပျက်ပြားပြီး ပြည်တွင်းစစ် ဖြစ်သယောင် ပုံဖော်ရန် အချို့မြို့ရွာများတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ အဓိကထုတ်ကုန်များသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များ ဖြစ်သည်။ ပြည်သူလူထု၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ယင်းလုပ်ငန်းများနှင့်ဆက်နွယ်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အကယ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ် အဆင့်မြှင့်တင်နိုင်ပါက နိုင်ငံတစ်ဝန်း လူမှုစီးပွားဘဝများ အဆင်ပြေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် NUG က စက်တင်ဘာလ ၇ ရက်နေ့တွင် အရေးပေါ်ကြေညာချက်ဟုဆိုသည့် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီးနောက် အကြမ်းဖက် အဖွဲ့ဖြစ်သည့် PDF ကလည်း ၎င်း၏ အကြမ်းဖက်လုပ်ရပ်များကို အရှိန်မြှင့်လာခဲ့သည်။ ထုတ်ပြန်ချက်တွင် ပါရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိက ထောက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ရန်၊ အုပ်ချုပ်ရေးမှူးများ အလုပ်မှ ချက်ချင်းနုတ်ထွက်ရန်၊ ပြည်သူများမလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ရန်နှင့် ဝန်ထမ်းများ ရုံးမတက်ရန်ဟူသော အချက်များက အများပြည်သူနေထိုင်ရာ ရပ်ရွာများနှင့် စစ်ရေး၊ နိုင်ငံရေးတို့နှင့် နီးစပ်မှုမရှိသည့် သာမန်ပြည်သူများကို ထိတ်လန့် ချောက်ချားစေရန်အတွက် အဓမ္မခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာ အုပ်စု၊ ပန်ကုလား(ဟွေဖြန်း)ကျေးရွာနေ

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ တက္ကသိုလ်လမ်းတွင် မခေါန်မိုင် မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်