နေပြည်တော် စက်တင်ဘာ ၁၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာ အုပ်စု၊ ပန်ကုလား(ဟွေဖြန်း)ကျေးရွာနေ ကျအူ(၃၇)နှစ်၏ နေအိမ်အား သတင်းအရရှာဖွေရာ နေအိမ် အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)