နေပြည်တော် ဧပြီ ၁၄
ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအဆိုပါ ဝန်ကြီးဌာနရုံး ပရဝဏ်အတွင်း၌ ကျင်းပဆောင်ရွက်သည်။
တက်ရောက်
အခမ်းအနားသို့ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီး ဦးမင်းထိန်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဦးစီးဌာနများမှအရာ ထမ်း/အမှုထမ်းများနှင့် ဝန်ထမ်း မိသားစုများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဦးစီးဌာနများမှ ယိမ်းအက အလှအဖွဲ့များ၏ ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ယိမ်းအကအလှအဖွဲ့များနှင့် တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများကို အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်း၍ မြန်မာ့ရိုးရာ အတာသင်္ကြန်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။
ကြည့်ရှုအားပေး
ထို့နောက် ဝန်ကြီးဌာနရှိ စုဝေးခန်းမကြီးတွင် ဦးစီးဌာနများမှ ယိမ်းအကအလှအဖွဲ့များ၏ တေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး၍ အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းများနှင့်မိသားစုဝင်များအား စတုဒိသာ အစားအစာများဖြင့် ဧည့်ခံကျွေးမွေးနေမှု ကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်