Skip to main content

Apr 19, 2022

မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ  ပြင်ဦးလွင်မြို့ သာယာလှပရေး ဆောင်ရွက် ထားရှိမှုနှင့် ကန်တော်ကြီးအတွင်း ရေစီးရေလာ  ကောင်းမွန်အောင် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးရန် ယနေ့ညနေပိုင်းက  ရေသွင်း မြောင်းအမှတ်(၂) နေရာ သို့ ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Peace and Development) တို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့် ပရင်တာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မြန်မာစာပေ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့သူလည်းဖြစ်သော Tun Commercial Bank Ltd ၊Myanmar Golden Star Co., Ltd နှင့် Myanmar Consolidated Media Co.,Ltd တို့၏ဥက္ကဋ္ဌ ဦးသိန်းထွန်းသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာကို အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်စေရန်၊ ကွန်ပျူတာကျွမ်းကျင်စေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ ဇာတိသွေး၊ ဇာတိမာန် ထက်မြက်မြင့်မားစေရန်နှင့် မြန်မာ့သိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သားသမီးများ အတွက်ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာ သဒ္ဒါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာ သင်တန်းနှင့် မြန်မာ့သိုင်း သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၁ ရက်တွင် ရှေ့တန်းအမှတ်(၃၈၁) ခြေမြန်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး လိုဏ်ခေါင်းအနီး (မြန်မာဘက်ခြမ်း)၌ ရပ်တန့်ထားသော ၁၂ ဘီး ကုန်တင်ယာဉ် သုံးစီးပေါ်မှ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ (၄၀၉၂၁ကီလိုဂရမ်) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၅၁၄,၄၈၀) ကို မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ လည်းကောင်း၊ ဧပြီ ၁၀ ရက်နှင့် ၁၅ ရက်များတွင် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တရားမဝင်ကျွန်းသစ်များ ၇ ဒသမ ၀၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၄,၅၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းဖောင်း ရွာရှိ ကျိုင်းဖောင်းချောင်းတွင်  ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပရာ ကျိုင်းတုံမြို့  သီလဓမ္မကုန်းသာတောရ ကျောင်းတိုက် ဦးစီးပဓာန နာယက ဝစီပိတ် ဆရာတော် ဘဒ္ဒန္တကောဝိဒ ကြွရောက်၍  ဇီဝိတဒါန ကုသိုလ် ပြုလုပ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

မြန်မာသက္ကရာဇ် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပြီဖြစ်သည်။ နှစ်သစ်တွင် မျှော်မှန်းထားသော အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း အားထုတ်ကြမည်ဖြစ်သည်။ တိုင်းရင်းသား ပြည်သူများအနေဖြင့် နှစ်ဟောင်းကာလများအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အခက်အခဲများ၊ ရွေးကောက်ပွဲကာလတွင် မရိုးမသားဆောင်ရွက်သည့် ဒီမိုကရေစီနှင့် ဖီလာဆန့်ကျင်သည့် နိုင်ငံရေး အကျပ်အတည်းများကို ကြုံတွေ့ခဲ့ကြရပေသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

လူဦးရေတိုးတက်လာခြင်းနှင့် ရွှေ့ပြောင်းနေထိုင်ခြင်း စသည့် အကြောင်းများကြောင့် နိုင်ငံအတွင်းရှိ မြို့ပြဒေသများတွင် လူနေထူထပ်လာပြီး မြို့ဧရိယာများလည်း ပိုမိုကျယ်ဝန်းလာကြသည်။ လမ်းများဖောက်လုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးတံတိုင်းများခတ်၍ ကာရံခြင်း စသည်တို့အပြင် လူများ၊ မော်တော်ယာဉ်များ စသည်တို့ကြောင့် ရှိရင်းစွဲ သဘာဝအနေအထားများ ပျက်စီးသွားခဲ့ရသလို ပတ်ဝန်းကျင်ညစ်ညမ်းမှုများလည်း ဖြစ်ပေါ်လာရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2022

ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်