Skip to main content

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများ ကန်တော့ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၁၇

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့ ယနေ့နံနက် ၇နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းမဘေးရှိ မင်္ဂလာကန်တော်၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက်၍ ဇီဝိတဒါနအဖြစ် ထိုင်းငါးခုံးမအကောင်ရေ ၃၀၀၀ ကို မင်္ဂလာကန်တော်အတွင်း သို့ ဇီဝိတဒါန လွှတ်ပေးကြသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ မြန်မာနှစ်ဆန်း ၁ ရက်နေ့ သက်ကြီး ဘိုးဘွားများ ကန်တော့ပွဲအခမ်းအနားကို နံနက် ၈ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၈)၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက် ကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ အတူနေမိသားစုဝင် အသက် ၈၀ နှင့်အထက် အဘိုးအဘွား ၁၁၂ ဦးတို့ကို အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် ငွေသားများ အပါအဝင် စုစုပေါင်း တန်ဖိုးငွေကျပ် ၆၈၃၇၆၀၀ ကို တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများက ပေးအပ်လှူဒါန်းကြပြီး ဂါရဝပြုကန်တော့ခဲ့ကြောင်း သိရသည်။

သတင်းစဉ်