Skip to main content

Feb 01, 2020

မုံရွာ ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်(၉)နာရီ မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းမြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2020

မြစ်ကြီးနား ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် နေပြည်တော်၌ ကျင်းပမည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ သွားရောက်တွေ့ဆုံအားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2020

မြစ်ကြီးနား ဖေဖော်ဝါရီ ၁

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအတွင်း၌ ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် ပြည်ထောင်စုနေ့အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးမှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2020

 

နေပြည်တော် ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ (၁၅)ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရာမပါဠိတက္ကသိုလ် တောင်ပေါ်ကျောင်း တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဓမ္မာနုဓမ္မမဟာဒွါရနိကာယ ဒုတိယ ဂဏာဓိပတိဆရာတော် ဘဒ္ဒန္တဓမ္မာလင်္ကာရ (အဂ္ဂမဟာ ပဏ္ဍိတ) မဟာထေရ်မြတ်ကြီးသည် သက်တော် (၈၂) နှစ်၊ သိက္ခာတော်(၆၂)ဝါအရ ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်၊ (၂၉- ၁-၂၀၂၀)၊ ဗုဒ္ဓဟူးနေ့၊ ည(၇:၃၀) နာရီအချိန်တွင် ဘဝ နတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

သတင်းစဉ်

ဆက်လက်ဖတ်ရှုရန်

Feb 01, 2020

 

မန္တလေး ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံမှ ထွက်ရှိသော သကြားကို ဂရိနိုင်ငံမှ လုပ်ငန်းရှင် တစ်ဦးက ဆိပ်ကမ်းအရောက် တစ်တန် လျှင် ဒေါ်လာ ၄၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုရရှိထားကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်း ရှင်များ အသင်းဥက္ကဋ္ဌ ဦးစိုးလင်း က ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2020

နေပြည်တော် ဇန်နဝါရီ ၃၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန် မြို့တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Coronavirus (2019-nCoV) (အဆုတ်ရောင်ရောဂါ)နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ အခမ်း အနားကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) အစည်း အဝေးခန်းမဆောင်(၂)၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်မှုဆောင်မှ တာဝန်ရှိသူများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီး များ၊ အထူးကုဆရာဝန်များ၊ ပထမလက်ထောက် ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ အလုပ် သင် ဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2020

 

နေပြည်တော် ဇန်နဝါရီ ၃၁

 

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပြည် ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ တောင် နဝင်း၊ မြောက်နဝင်း၊ ဝဲကြီးနှင့် တောင်ညို ရေလှောင်တမံများမှ ယခုနှစ် နွေစပါးစိုက်ပျိုး ရန် စုစုပေါင်း ၅၄၁၉၃ ဧက လျာထားပြီး ဆည်ရေများကို ယခုလဆန်းပိုင်းမှ စတင်၍ ပေးဝေလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2020

 

နေပြည်တော် ဇန်နဝါရီ ၃၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသည့် မြန်မာကျောင်းသား ကျောင်းသူ ၆၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရ၏ စီစဉ်ဆောင်ရွက်နေမှုများကို သိရှိနိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Feb 01, 2020

မူဆယ် ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နှင့် မုံးကိုးမြို့တို့၌ တည်ရှိသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင် အထွက်ဂိတ်တို့မှ ဝင်ထွက် သွားလာနေသည့် ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွား ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးစစ်ဆေးမှုများ ဆောင် ရွက်နေသည့် အခြေအနေများကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးကိန်မိုင် ဦးဆောင်သည့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး သည်။

ရှေးဦးစွာ ပန်ဆိုင်း(ကြူကုတ်)မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင် အထွက်ဂိတ်ဖြစ်သော ဝမ်တိန်ဂိတ်မှ

ဆက်လက်ဖတ်ရှုရန်

Feb 01, 2020

နေပြည်တော် ဇန်နဝါရီ ၃၁

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးတင်အောင်၊ ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက်အထိ မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန လက်အောက်ရှိ မန္တလေးဗဟိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်၊ ကုန်ထုတ်စခန်းများ ဖြစ်သော ၂၄ မိုင်၊ ထုံးဘို(မ)၊ ထုံးဘို(ကျား ၁၊၂)နှင့် ဘုရားငါးဆူတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်ဖတ်ရှုရန်

Feb 01, 2020

ပုသိမ် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါအဆောက်အဦးသစ်ရုံးရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ အဆောက်အဦသစ်ကို ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်တို့က ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်​ပေးသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လွှတ်တော်ရုံး ကမ္ပည်းမှတ်တမ်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး လွှတ်တော်ရုံးအား လှည်လည်ကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

ရန်ကုန် ဇန်နဝါရီ ၃၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက် များတွင် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

နေပြည်တော် ဇန်နဝါရီ ၃၁

လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ ကယားပြည်နယ် လူငယ်များသမဂ္ဂအဖွဲ့လူငယ်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

မောင်တော ဇန်နဝါရီ ၃၁

ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်ရှိ ညောင်ချောင်းကျေးရွာနှင့် ပဒင်းကျေးရွာတို့သို့ သွားရောက်ကာ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာတွင် နေထိုင်သူ များနှင့် တွေ့ဆုံကာသိရှိလိုသည်များမေးမြန်း သတင်းရယူခြင်း၊ ကျေးရွာအတွင်း လှည့်လည်သတင်းရယူခြင်း ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်တွင်းပြည်ပသတင်းမီဒီယာအဖွဲ့သည် မောင်တောမြို့မှ စစ်တွေမြို့သို့ရောက်ရှိပြီး ထိုမှတဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့်ထွက်ခွာကြရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

 

နေပြည်တော် ဇန်နဝါရီ ၃၁

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး မစ္စတာလီကွတ်ဝ်သွမ်အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံ သည်။

တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှုပိုမိုခိုင်မြဲစေရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

နေပြည်တော် ဇန်နဝါရီ ၃၁

ဂေဟစနစ်အခြေခံသည့် သစ်တောများရေရှည်တည်တံ့ရေးအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲခြင်း လက်စွဲ၊ အကောင်အထည်ဖော်ခြင်းလက်စွဲနှင့် နမူနာခရိုင်အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများအား ရှင်းလင်းတင်ပြခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

မန္တလေး ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၃၃လမ်းနှင့် ၃၄လမ်းကြား၊ ၈၄လမ်းနှင့် ၈၅ လမ်းကြားတွင် ယနေ့ ညနေ(၄)နာရီခွဲခန့်က level (2) အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ (၄) နာရီ (၅၀) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Ref; Myanmar Fire Services Department

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

နေပြည်တော်  ဇန်နဝါရီ ၃၁

အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၁၀)၊ (၁၁၁)၊ (၁၁၂)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၉၁)၊ (၁၉၂)၊ (၁၉၃)၊ (၁၉၄)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ သင်တန်းအမျိုးအစားများအလိုက် စံပြဆုရရှိသူများကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်