Skip to main content

အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များရှိ မှီခိုသူ သား၊ သမီး ကျောင်းသား ကျောင်းသူများအတွက် နွေရာသီသင်တန်းဖွင့်

နေပြည်တော် ဧပြီ ၂၆

အနောက်တောင်တိုင်း စစ်ဌာန ချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များရှိ မှီခိုသူ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများ အခြေခံ အင်္ဂလိပ်စာ သဒ္ဒါနှင့် စကားပြော သင်တန်း၊ ကွန်ပျူတာသင်တန်း နှင့် မြန်မာ့သိုင်း သင်တန်းများ၊ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ ၌ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြ များနှင့်ကျောင်း သား၊ကျောင်းသူများတက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးကသင်တန်းတက်ရောက် ကြမည့်ကျောင်းသား၊ ကျောင်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာ သဒ္ဒါနှင့်စကားပြောသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး ဖြင့်လည်းကောင်း၊ ကွန်ပျူတာ သင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၁၀၁ ဦးဖြင့် လည်းကောင်း၊ မြန်မာ့သိုင်းသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၇၃ ဦး ဖြင့် လည်းကောင်း စုစုပေါင်း သင်တန်းသား ကျောင်းသား၊ ကျောင်းသူ ၂၀၉ ဦးဖြင့် မေ ၂၈ ရက် အထိ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်