ရန်ကုန် ဇူလိုင် ၄
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၌ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၇) ကိုလည်းကောင်း၊ အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၁၂၁)ကို လည်းကောင်း သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက် ၈ နာရီတွင် Online Learning System ဖြင့် ကျင်းပသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲ အခမ်းအနားများတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်း သား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၇)သို့ သင်တန်းသား ၅၆ ဦး၊ သင်တန်းသူ ၆၀ စုစုပေါင်း ၁၁၆ ဦး တက်ရောက် လျက်ရှိပြီး ဇူလိုင် ၄ ရက်မှ ၂၁ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊ အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ၂၃ ရက်အထိ In-House Learning ဖြင့်လည်းကောင်း ဖွင့်လှစ်မည်ဖြစ်သည်။
ဖွင့်လှစ်မည်
အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၂၁)သို့ သင်တန်းသား ၂၈၄ ဦး၊ သင်တန်းသူ ၃၈၉ ဦး စုစုပေါင်း ၆၇၃ ဦးတက်ရောက်လျက်ရှိပြီး ဇူလိုင် ၄ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊ အောက်တိုဘာ ၃ ရက်မှ ၂၈ ရက်အထိ In-House Learning ဖြင့် လည်းကောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်