Jul 08, 2023
ရခိုင်ပြည်နယ်စစ်တွေမြို့၌ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်း အဝေးခန်းမ၌ကျင်းပသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Jul 08, 2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန် မာပြည်)၌ ကျင်းပသော အခြေခံပညာဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၁)သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး သင်တန်းဆင်းအမှာစကား ပြောကြား၍ သင်တန်းဆင်း လက်မှတ်များနှင့် စံပြဆု၊ ထူးချွန် ဆုများချီးမြှင့်ပေးအပ်သည်။
Jul 08, 2023
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakri- shnan ၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ယာယီအကြီး အကဲ Ms. Danielle Parry တို့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 08, 2023
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၄)ကြိမ် မြောက် အာဆီယံမူးယစ်ဆေးဝါး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (44th ASEAN Senior Officials Meeting on Drug Matter and Its Related Meeting- ASOD)ကို ယနေ့ နံနက် ၈ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ဆက်လက်ကျင်းပသည်။
Jul 08, 2023
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက ယဉ်ကျေးမှုအစဉ်အလာကြီးမားခဲ့သည့် နိုင်ငံဖြစ်သည်။ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ မြောက်ဦး၊ ပုဂံစသည့်ယဉ်ကျေးမှုမြင့်မားသောမြို့ပြနိုင်ငံများ တည်ထောင်နိုင်ခဲ့မှုနှင့်အတူ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များပါ ထွန်းကားခဲ့သည်။ အတိတ်သမိုင်းခေတ်ကာလများက အဆင့်အတန်းမြင့်မားသော ယဉ်ကျေးမှုများ ထွန်းကားခဲ့သောကြောင့် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ရှိန်ကိုတက်စေခဲ့သည်။
Jul 08, 2023
မေး ။ ။ သတင်းနှင့် ပြန်ကြားရေးကော်မတီအနေနဲ့ မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင် မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက် ခဲ့တယ်ဆိုတာ ပြောကြားပေးစေလိုပါ တယ်။
Jul 08, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ ရန်ကုန် - တောင်ငူ ရထားလမ်းပိုင်းရှိ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် နေပြည်တော် - တောင်ငူ အဝေးပြေးလမ်းနှင့် ပဲခူး - ရန်ကုန် ပြည်ထောင်စုလမ်းပေါ်ရှိ လမ်းညွှန်း အမှတ်အသားများ တပ်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jul 08, 2023
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိနေသည့် ပုဂံဒေသကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံဘာကူမြို့တော်၌ ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် အဆုံးအဖြတ်ပြုကာ စာရင်းသွင်းခဲ့ခြင်းဖြစ် သည်။ ယူနက်စကိုအောက်ရှိ ကမ္ဘာ့အမွေအနှစ်ကော်မတီသည် ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများအဖြစ်သတ်မှတ်ခဲ့ရာ ပုဂံသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဖြစ်သည်။
Jul 08, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသော ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များ အနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ သံဃာတော်များပင့်ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 08, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် မြွေရိုး ကျောင်းစုအုပ်စု ရုံးတောကျေးရွာရှိရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jul 08, 2023
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ (၁ ဒသမ ၂) သန်းတန်ဖိုးရှိ အောက်ဆီဂျင်ထုတ် လုပ်စက် (Oxygen Concentrator) အလုံး (၈၀၀) လှူဒါန်းခြင်းအခမ်းအနားကို နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
Jul 08, 2023
စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 08, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာ အထက် တန်းကျောင်းရှိ ရွှေသွေးခန်းမ၌ တွေ့ဆုံသည်။
Jul 07, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jul 07, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 07, 2023
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်း တွင် မောင်တောမြို့ရှိ၊ နယ်မြေခံရဲတပ်ဖွဲ့ခွဲ ခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
Jul 07, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေး လျက်ရှိသည်။
Jul 07, 2023
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)က ကျင်းပသည့် (၁၃)ကြိမ် မြောက်သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီခွဲတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ ကျင်းပ သည်။