နေပြည်တော် ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ အနီးကျေးရွာများတွင် ဆေးပင်စင်ယူထားသည့် တပ်မတော်မှအငြိမ်းစား ၅၀ ထက်မနည်းကို လက်ရှိတိုက်ပွဲဖြစ်ပွားရာဒေသများသို့ စေလွှတ်ရန် ဒီဇင်ဘာလ ၄ ရက်နေ့က ပမ္မဝတီရေတပ်မှ စစ်ကားများဖြင့် ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရသည့် ကျေးရွာဒေသခံများထံကသိရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံသတင်းတု၊ သတင်းအမှားများဖြန့်ဝေရေးသားလျက်ရှိပြီး အဆိုပါကျေးရွာများသို့ မည်သည့်တပ်မတော်သုံးမော်တော်ယာဉ်များ လာရောက်ခဲ့ခြင်းနှင့် ခေါ်ဆောင်သွားခြင်း လုံးဝမရှိကြောင်းနှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ လိမ်လည်ရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
