Aug 22, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပင်စင်ဦးစီးဌာန လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပင်စင်ဦးစီးဌာန ရုံးအမှတ်(၃၄) စုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိလုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ တက်ရောက်ကြသည်။
Aug 22, 2023
Digital Museum နှင့် Pagoda Digital Directory အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပရာ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ Digital Museum အခြေခံသင်တန်း တက်ရောက်နေကြသော သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Aug 22, 2023
တရားမဝင် ဖမ်းဆီးခြင်းအပါအဝင် သဘာဝဂေဟစနစ်ကို ထိခိုက်စေမည့် ငါးဖမ်းနည်းများအသုံးပြုခြင်းနှင့် မြန်မာ့ရေသယံဇာတများ ပျက်သုဉ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် သက်ဆိုင်သူအားလုံးက တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Aug 22, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာ ဓမ္မသဟာယသာသနစင်တာ မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ ပဓာနနာယက၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ မထေရ်မြတ်နှင့် နိုင်ငံတော်ဩဝါဒါစရိယဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာ(ပြင်ဦးလွင်) ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏမထေရ်မြတ်တို့ သီတင်းသုံးရာကျောင်းတိုက်များသို့ သွားရောက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူသည်။
Aug 22, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် ဩဂုတ် ၂၀ ရက် မွန်းလွဲ ပိုင်းတွင် ယူနန်ပြည်နယ် Qujing Jingkai ခရိုင် Nanhai စက်မှုဇုန်ရှိ Yunnan Runyang century Phobovoltaic Technology ကုမ္ပဏီလီမိတက်မှ တည်ထောင်လျက်ရှိသည့် စွမ်းဆောင်ရည်မြှင့် ဆိုလာဆဲလ်ထုတ်လုပ်မှုလုပ်ငန်းခွင်ကို သွားရောက်လေ့လာသည်။
Aug 22, 2023
ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့်အခက်အခဲမှာ လူမှုစီးပွားဘဝတွင် မဖြစ်မနေဝယ်ယူနေရသည့် အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမတည်ငြိမ်ခြင်းဖြစ်သည်။ အဆိုပါပြဿနာကို အဖြေရှာသောအခါ အကြောင်းရင်းများစွာရှိနေသည်ကို တွေ့ရမည်ဖြစ်သော်လည်း အဓိကကျသည့်အချက်မှာ စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေကြေးဈေးနှုန်းတို့ကိုအကြောင်းပြု၍ မမှန်မကန်ဆောင်ရွက်သည့် ရောင်းဝယ်ဖောက်ကားမှုများရှိနေခြင်းကြောင့် ဈေးနှုန်းများ မတည်မငြိမ် ဖြစ်နေခြင်းဟု သုံးသပ်မိသည်။
Aug 22, 2023
မိမိတို့နိုင်ငံတွင် ပြည်တွင်းစားသုံးဆီလိုအပ်ချက်က ထုတ်လုပ်နိုင်သည့် ပမာဏထက် များစွာမြင့်မားနေခြင်းကြောင့် နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ ပြည်တွင်းဆီစားသုံးမှုဟုဆိုရာတွင် ပြည်သူလူထု၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုသာမက စက်မှုလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများစသည်တို့မှ သုံးစွဲမှုများလည်း ပါဝင်သည်။ မည်သို့ပင်ဖြစ်စေ နှစ်စဉ်ပြည်တွင်းစားသုံးဆီလိုအပ်ချက် တန်ချိန် ၁၁ သိန်းခန့်အတွက် ပြည်ပမှ တန်ချိန် ၉ သိန်းခန့် ဝယ်ယူဖြည့်တင်းနေရခြင်းဖြစ်ရာ ပြည်တွင်းထုတ်လုပ်နိုင်မှုနှင့် ပြည်တွင်းစားသုံးမှုတို့အကြား ကွာဟချက်လွန်စွာကြီးမားနေသည်။
Aug 21, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့်
Aug 21, 2023
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Aug 21, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (ARMY-2023)နှင့် (၁၁)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ (XI Moscow Conference on International Security) သို့ တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ Counsellor ဖြစ်သူ Mr. Pavel KLABUKOV ၊ စစ်သံမှူး Mr. Sergey KURCHENKO နှင့် တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၁-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Aug 21, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၀-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၉၀၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၂)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Aug 21, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
Aug 21, 2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့်(၇)ကြိမ်မြောက် တရုတ်- တောင်အာရှပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၊ ၂၀၂၃-ခုနှစ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံအုပ်ချုပ်သူများဖိုရမ်နှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Aug 21, 2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 21, 2023
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အနာကြီးရောဂါတိုက်ဖျက်ရေး စီမံကိန်း၏(၂၀၂၃)ခုနှစ် နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 21, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပသည်။
Aug 21, 2023
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခမ်းမ၌ ကျင်းပသည်။
Aug 21, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်သည့် ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Aug 21, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (ARMY-2023)နှင့် (၁၁)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံ (XI Moscow Conference on International Security)သို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ Counsellor Mr. Pavel KLABUKOV ၊ စစ်သံမှူး Mr. Sergey KURCHENKO နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။
Aug 21, 2023
၁။ Safe Migration Facebook Page တွင် အလုပ်သမားရေးရာသတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်ပြုသည့်စာရင်းများအား စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိပါသည်။
