Aug 18, 2023
အကြမ်းဖက်သမားများက အများပြည်သူအသုံးပြုလျက်ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများလုပ်ဆောင်လျက်ရှိရာ ယနေ့တွင် မန္တလေးမြို့မှရန်ကုန်မြို့သို့ထွက်ခွာလာသည့် စက်ခေါင်းအမှတ်၊ DF/2077 မန္တလေး-ရန်ကုန် ကုန်တင်ရထားအား ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းမြို့အကြား၌ မိုင်းထောင်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Aug 18, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Aug 18, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၇-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Aug 18, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 18, 2023
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၁၇ ရက်တွင်လည်း လာရောက်ဖူးမြော်သည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်သို့ လာရောက်ဖူးမြော်သူ များအနက်မှတချို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်။
Aug 18, 2023
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော လျှပ်စစ် ဓာတ်အားများကို ပင်မဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းများတည်ဆောက်၍ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။
Aug 18, 2023
အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးကို ဩဂုတ် ၁၆ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိမြို့ရှိ Sofitel Angkor Phokeethra Golf & Spa Resort ဟိုတယ်တွင် ကျင်းပသည်။
Aug 18, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၂)ကို “စီးပွားရေးစာချုပ်စာတမ်းများအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
Aug 18, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယမန်နေ့မွန်းလွဲပိုင်းက Grater Mekong Economic Corridor Governor Forum သို့ တက်ရောက်ရန် ရောက်ရှိနေကြသော လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့မှ အဖွဲ့ခေါင်းဆောင်များနှင့်အတူ ယူနန်ပြည်နယ်ကူမင်းမြို့ ဂွမ်ဒူးလွတ်လပ်သော ကုန်သွယ်မှုရှေ့ပြေးဇုန်နယ်မြေသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။
Aug 18, 2023
ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ်အမှတ် (၁၂) ယုံမှတ်အပ်နှံမှု အက်ဥပဒေ (The Trusts Act) စာအုပ်ကို ထုတ်ဝေလိုက်သည်။
Aug 18, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍နျူကလီးယားနှင့် ဆက်စပ်နယ်ပယ်များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသော မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊ ရုရှားတက္ကသိုလ်များမှ ကိုယ်စားလှယ်များနှင့် ROSATOM မှ ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပသည်။
Aug 18, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပန်ဟတ်ကျေးရွာတွင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း RBF ရန်ပုံငွေဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နွားစာအတွက် နေဗီယာမြက်များ တိုးချဲ့စိုက်ပျိုးရန်၊ နွားမျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် မျိုးချောင်းစနစ်ဖြင့် မျိုးစပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်မှာကြားသည်။
Aug 18, 2023
ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေနှင့်လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ ဒေသနေပြည်သူများအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ၊ ကျောင်းစုကျေးရွာ၊ တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ရှားတောကျေးရွာနှင့် အေးချမ်းသာစံပြကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
Aug 18, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ ဒသမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၇ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များ တဖွဲဖွဲလာရောက်ဖူးမြော်လျက်ရှိသည်ကို မြင်တွေ့ရသည်။
Aug 18, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဩဂုတ် ၈ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်းဖွင့်လှစ်ထားရှိရာ ယနေ့ ဒသမမြောက်နေ့ ဩဂုတ် ၁၇ ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ တဖွဲဖွဲဖြင့်စည်ကားလျက်ရှိသည်။
Aug 18, 2023
ကောင်းကင်ယံထက်မှ တိမ်စိုင်တိမ်လိပ်များကြားဝယ် သက်တော်ထင်ရှား မြတ်စွာဘုရားရှင် စံပယ်တော်မူနေသည့်အလား တည်ရှိနေသော သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားအဝေးမှ ဖူးမြင်ရသည်နှင့်ပင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မေတ္တာရိပ်က စိတ်ကြည်နူးချမ်းမြေ့မှုနှင့် စိတ်ငြိမ်းချမ်းမှုကို စတင်ပေးစွမ်းခဲ့လေပြီ။
Aug 18, 2023
တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန (NRTA) ၊ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းပြုလုပ်သည့် 4th Lancang-Mekong Audiovisual Week ဖွင့်ပွဲအခမ်းအနားကို ကူမင်းမြို့ရှိ ယူနန်မီဒီယာဂရု စတူဒီယိုခန်းမ(၁)၌ ဩဂုတ် ၁၆ ရက် ညပိုင်းတွင် ကျင်းပသည်။
Aug 18, 2023
GMS စီးပွားရေးစင်္ကြံဆိုင်ရာ အစိုးရတာဝန်ရှိသူများ အစည်းအဝေး - ၂၀၂၃ (2023 GMS Economic Corridor Governors Forum) ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ ယူနန်စီးပွားရေးဌာန ယုလန်ခန်းမ၌ ကျင်းပသည်။
Aug 18, 2023
(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ရုရှားနိုင်ငံ မော်စကိုမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Video Message ပေးပို့၍ ပါဝင်တက်ရောက်ခဲ့ပြီး “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက်အရေးပါသော အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု”နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
Aug 18, 2023
မြန်မာနိုင်ငံအတွင်းရှိ MSME များအား စားသောက်ကုန်ထုတ်လုပ် မှုနည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ်(၁)အရ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ ခြောက်မျိုးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် အထက်မြန်မာပြည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှ သင်တန်းသား သင်တန်းသူများအား စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ စံချိန်စံညွှန်းပြည့်မီ၍ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်စိုက်ပျိုးရေးထုတ်ကုန် အမယ်သစ်များ စနစ်တကျထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်သည့် အဆိုပါသင်တန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအချင်းချင်း ဖလှယ်ထားသော နည်းပညာများဖြစ်သည်။
