နေပြည်တော် ဒီဇင်ဘာ ၇
သီလဝါဆိပ်ကမ်းဒေသကြီးရှိ Terminal များအပါအဝင် သာကေတနှင့် လှိုင်သာယာမြို့နယ်ရှိ Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ်များဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ် သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိသည်။
၆-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီသယ်ယာဉ် Bowser ၁၈ဝဝ စီးကျော်ဖြင့် 92 Ron ဂါလန် ၉၈၀၀၀၀ကျော်၊ 95 Ron ဂါလန် ၂၄၀၀၀၀ ကျော်၊ ဒီဇယ်ဆီဂါလန် ၆၇၀၀၀၀၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၈၁၀၀၀၀ ကျော်အားပို့ဆောင်ဖြန့်ဖြူးနိုင်ခဲ့ပြီး ၇-၁၂-၂၀၂၃ ရက်နေ့တွင်လည်း အဆိုပါ Terminal များမှ စက်သုံးဆီများအား ဆီတင်ယာဉ်များဖြင့် အဆက်မပြတ် ဖြည့်တင်းပို့ဆောင်ပေးလျက်ရှိသည်။
ယခင်ဖြန့်ဖြူးပေးနေမှုထက် 92 Ron ဂါလန် ၂၂၀၀၀၀ ကျော် ၊ 95 Ron ဂါလန် ၁၁၀၀၀၀၊ ဒီဇယ်ဆီ ဂါလန် ၁၂၀၀၀၀ ကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် ၂၃၀၀၀၀ ကျော် ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း အများပြည်သူများအနေဖြင့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ပြီး ယခင်ထက်ပိုမိုများပြားစွာ ဝယ်ယူနေကြသဖြင့် ဖြည့်တင်းပေးနိုင်မှုစွမ်းအားထက်ကျော်လွန်သည့် စက်သုံးဆီအရောင်းဆိုင်အချို့ရှိ စက်သုံးဆီအမျိုးအစားအချို့မှာ ဆီသယ်ယာဉ်မရောက်ရှိမီကာလအတွင်း ခေတ္တအရောင်းရပ်ဆိုင်းထားရသော်လည်း ပြည်တွင်းစက်သုံးဆီလက်ကျန် အခြေအနေအရလည်းကောင်း၊ ဆီတင်သင်္ဘောများ ပြည်ပမှရောက်ရှိဆိုက်ကပ်ထားမှုအခြေ အနေအရလည်းကောင်း၊ Terminal များ၏ ဖြန့်ဖြူးပေးနိုင်မှုစွမ်းအားအရလည်းကောင်း စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ပါကြောင်းနှင့် အများပြည်သူအနေဖြင့် စိုးရိမ်ကြောင့်ကြကင်းစွာဖြင့် ပုံမှန်သုံးစွဲမှုပမာဏအတိုင်း စဉ်ဆက်မပြတ် စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ပြီး မိမိတို့လိုအပ်သည်ထက် ပိုမိုဝယ်ယူရန်မလိုအပ်ပါကြောင်း သိရသည်။
သတင်းစဉ်
