Skip to main content

Jul 09, 2023

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ မွေးမြူထုတ်လုပ်ပြီး ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိသည့် ပနားမီးပုစွန်ဖြူကို တရုတ်နှင့်ဂျပန် နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

ဒေသခံပြည်သူများ  ကုန်စည်ပို့ဆောင်မှုနှင့်  သွားလာမှုများ အဆင်ပြေ ချောမွေ့စေရေးအတွက်  ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့်  မိုးကောင်းမြို့အထိ မြန်မာ့မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားသံလမ်းများရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်းကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁  ရက် အထိ ပထမအကြိမ် ဆောင်ရွက်ပေးပြီး ယနေ့တွင်  ဒုတိယအကြိမ် မြစ်ကြီးနားမြို့ နန်းကွေ့ဘူတာရုံမှ မြစ်ကြီးနားဘူတာကြီးသို့ သွားရောက်သည့်  ရထားသံလမ်း ဝဲ/ ယာရှိ ချုံနွယ်ပေါင်းမြက်များကို မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက  စုပေါင်း ရှင်းလင်းဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် စင်ကာပူနိုင်ငံ သိပ္ပံပညာဌာနတို့ ပူးပေါင်း၍ SEAMEO အဖွဲ့ဝင်များ ကြီးမှူးကျင်းပသည့် SEAMEO Singapore Student Challenge (SSSC-2023) သို့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည် အာဆီယံ ၁၀ နိုင်ငံတွင် ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို ပြန်လည်ရောက်ရှိခဲ့ရာ အခြေခံပညာ ဦးစီးဌာန ဒဂုံအမှတ် (၁) အထက်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူတို့၏ မိဘများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ သွားရောက်ကြည့် ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

၂၀၂၃ ခုနှစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သရက်ခြံအနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း နည်းပညာဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်း လေကြောင်းလိုင်းများ၊ လေဆိပ် Operator များမှ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (China International Development Cooperation Agency- CIDCA) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ဇူလိုင် ၉ ရက် မှ ၁၀ ရက်အထိ ကျင်းပမည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံနှင့် ရှမန်မြို့၌ ဇူလိုင် ၁၂ ရက်တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် သမုဒ္ဒရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတို့သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

(၅၇) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဇူလိုင် ၆ ရက်က အထူးကု ဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်ကို မျှတကောင်းမွန်အောင်ဖြစ်ပေါ်ရေးနှင့် သက်ရှိများ ရှင်သန်ဖြစ်ထွန်းရေးအတွက် များစွာအကျိုးပြုလျက်ရှိသည်။ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးဖြစ်ထွန်းမှုများမှာ များပြားလှသည်။ သစ်တောသစ်ပင်များသည် လူသားများ အကျိုးဖြစ်ထွန်းရေးအတွက် စဉ်ဆက်မပြတ် အထောက်အကူပြုလျက်ရှိသည်။ ထို့ကြောင့် သစ်တောသစ်ပင်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေး၊ စိုက်ဧကများ အားလုံးတွင် ပန်းတိုင်အထွက်နှုန်း များရရှိရေး၊ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံ၏ နှစ်စဉ်စားသုံးဆီလိုအပ်ချက်မှာ တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး ပြည်တွင်းဆီထွက်သီးနှံ ထုတ်လုပ်မှုက ဖြည့်ဆည်း မပေးနိုင်မှုကြောင့် စားသုံးဆီလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည်။ နှစ်စဉ် ပြည်ပမှ စားသုံးဆီတန်ချိန် ၈ သိန်းခန့်ကို ပြည်တွင်း ဆီဖူလုံရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုးခန့် တင်သွင်းနေရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက် စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေး အန္တရာယ်ကျရောက်သောဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2023

သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက် ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2023

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေးအတွက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2023

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်း ချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် မောင်တောမြို့ရှိ၊ နယ်မြေခံရဲတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများ က အဆို/ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2023

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုး  နိုင်ရန်အတွက် လိုအပ်သော မျိုးစပါးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့်မျိုးစပါးများကို တင်ပို့ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၇-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၃၁၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်