Jul 13, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jul 13, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jul 13, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌမစ္စတာ ဗစ်တလေဆိုလိုနတ်စကီဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 13, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်ရှိ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်သို့ သွားရောက်ပြီး အသင်းအမှုဆောင်များ၊ အသင်းသား တောင်သူများနှင့်တွေ့ဆုံသည်။
Jul 13, 2023
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ၏ပင်မအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 13, 2023
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို စနစ်တကျဆောင်ရွက်နိုင်ခဲ့သဖြင့် အထိအခိုက်အနည်းဆုံးဖြတ်ကျော်နိုင်မှုများမှာ သင်ခန်းစာယူစရာဖြစ်သည်။ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်သောကြောင့် ထိခိုက်သေဆုံးသူ ၁၄၈ ဦးရှိခဲ့သော်လည်း နာဂစ်မုန်တိုင်းဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ကြောင်းကို သတိပြုရမည်ဖြစ်သည်။
Jul 13, 2023
အင်္ဂလိပ်နယ်ချဲ့လက်အောက် မကျရောက်မီက မြန်မာနိုင်ငံသည် ပဒေသရာဇ်ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏အုပ်ချုပ်ရေးဗဟိုသည် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် နိုင်ငံခြားဆက်သွယ်ရေးတို့၏ အချက်အချာဖြစ်သော နိုင်ငံအလယ်ပိုင်းရှိ မြေပြန့်မြစ်ဝှမ်းဒေသတွင် အခြေစိုက်ထားပြီး ပဒေသရာဇ်များက ဒေသအလိုက် စီမံခန့်ခွဲအုပ်ချုပ်ခဲ့ကြသည်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင်စသည့် မင်းအဆက်ဆက်တို့သည်လည်းကောင်း၊ မှူးမတ်စသည့် နန်တော်တွင်းအုပ်ချုပ်ရေးအရာရှိများ၊ အဝေးဒေသမှအုပ်ချုပ်ရေးအရာရှိများမှာ ဗမာလူမျိုးတစ်မျိုးတည်းသာမဟုတ်ဘဲ ရှမ်း၊ မွန်၊ ရခိုင်လူမျိုးနှင့်အဆက်အနွှယ်များပါ ပါဝင်ခဲ့ကြသည်။ ပြည်ပကျူးကျော်ရန်ကို ကာကွယ်ရာတွင်လည်းကောင်း၊ နိုင်ငံ၏ဩဇာအာဏာကို ချဲ့ထွင်ရာတွင်လည်းကောင်း တစ်စည်းတစ်လုံးတည်း ဆောင်ရွက်ခဲ့ကြခြင်းဖြင့် အရှေ့တောင်အာရှ၏ ပင်မကုန်းမြေနိုင်ငံများတွင် အကြီးဆုံးသောနိုင်ငံကို တည်ထောင်နိုင်ခဲ့ ခြင်းဖြစ်သည်။
Jul 12, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jul 12, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 12, 2023
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ် (မြစ်ကြီးနား) သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် (၆၀၀၀) အိတ်၊ စားသောက်ကုန် နှင့် အထွေထွေပစ္စည်း (၁၁၃၈) အိတ်၊ စက္ကူဖာ (၂၉၉) ဖာ၊ ရေသန့် (၆) ဘူးပါ (၁၅၆၉၇) ကတ်၊ အဝတ်ထုပ် (၁၅၉၅) ထုပ်၊ စာအုပ်(၁)ထုပ်၊ သောက်ဆေး(၁၂၃)ဖာ၊ သစ်တောဦးစီးဌာနမှ စစ်တွေမြို့တွင် ပြန်လည်စိုက်ပျိုးရန်အတွက် မဟော်ဂနီပင် (၂၃၆၅၀) ပင်၊ မယ်ဇလီပင် (၃၀၀၀) ပင်၊ ရေတမာပင် (၁၇၀) ပင်၊ မန်ဂျန်ရှားပင် (၉၀၀၀) ပင် စုစုပေါင်းကုန်တန်ချိန် ၄၄၁ တန်ခန့်အား ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတံတား၌တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားခဲ့ပါသည်။
Jul 12, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Jul 12, 2023
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG ၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန်ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်နေသည့်နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ လူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။
Jul 12, 2023
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
Jul 12, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၁-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၉၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၁) ရာခိုင်နှုန်း ရှိပါသည်။
Jul 12, 2023
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ အလှူရှင်များကလှူဒါန်းသည့် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းရှိ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည်။
Jul 12, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံ (၁၂)နိုင်ငံရှိ မြန်မာသံရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၌ တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူး (၁၆) ဦးနှင့် ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံမှူးတို့ကို ယနေ့မွန်းလွဲပိုင်း တွင် Virtual စနစ်ဖြင့် တွေ့ဆုံသည်။
Jul 12, 2023
ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။
Jul 12, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရက်ကတ်ထရင်ဘတ် (Yekaterinburg) မြို့၌ ကျင်းပသည့် INNOPROM International Industrial Exhibition သို့တက်ရောက်၍ ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် ထုတ်ကုန်များ၊ စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
Jul 12, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေတက္ကသိုလ်သို့သွားရောက်၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသောစာသင်ဆောင်များ ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။