Skip to main content

ရွာငံတွင် တော်လှန်ရေးရဲဘော်​၏ မိသားစုဝင် ၈ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ ဟု DVB မှ ကောလာဟလသတင်းရေးသားဖြန့်ဝေ

နေပြည်တော် ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံ ၈ ဦးကို တပ်မတော်က ဒီဇင်ဘာလ ၁၂ ရက်နေ့က ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်ဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းရာ “တပ်မတော်က ရွာသားများအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိပါကြောင်း၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများသည် တပ်မတော်နှင့် ဒေသခံပြည်သူများအကြား အထင်အမြင်လွဲမှားစေနိုင်သော သတင်းတုသတင်းမှားများကို လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။