Skip to main content

May 30, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကံဆွယ်ကျေးရွာအုပ်စု မြသုခကျေးရွာအနီး အနောက်ပြက္ခရွေတောင်ပေါ်ရှိ စွယ်တော်မြတ်စေတီသို့ ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်း လေးမိုင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရာသီမရွေးသွားလာနိုင်သည့် အမာခံလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2024

စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2024

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် မေ ၂၈ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၊ လမ်းများပေါ်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မှတ်ပုံတင်မပါရှိသူများ၊ ဆိုင်ကယ်လိုင်စင်မပါရှိသူများနှင့် ဆိုင်ကယ်ဦးထုပ်မပါရှိသူ လူငယ်များကို အကြောင်းပြချက်မျိုးစုံဖြင့် စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ် ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း အများပြည်သူထင်ယောင်ထင်မှား ဖြစ်စေမည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2024

သီးနှံအာမခံနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးကို သတင်းအဖွဲ့က တွေ့ဆုံမေးမြန်းထားပါသည် -

ဆက်လက်ဖတ်ရှုရန်

May 30, 2024

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း/ အသစ်လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်း ကိစ္စများနှင့်ပတ်သက်၍ Facebook နှင့် Tik Tok များ အသုံးပြုကာ လိမ်လည်သူများ ရှိနေကြောင်းကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပြီး လိမ်လည်သူများကို အရေးယူမည်ဖြစ်ကြောင်းလည်းသံရုံးက ဆိုထားသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသည့် ရေကန်များသို့သွားသည့် လမ်းများ၊ အထင်ကရနေရာများသို့ သွားသည့်လမ်းများနှင့် ရှေးဟောင်းဇုန်အတွင်းပါဝင်သည့် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ လမ်းများသပ်ရပ်ကောင်းမွန်စေရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2024

မြန်မာနိုင်ငံတွင် မျက်စိကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာ ရောင်ခြည်ဦးစာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ လွှတ်တော်အမတ်များဖြစ်သည့် မစ္စတာဆူဂျစ် ဆန်ဂျာရာပီရဲရား၊ မစ္စတာဂျေစီအလာ ဝါသူဝါလာနှင့် မစ္စတာဝါဆန်သာ ယာပါဘန်ဒါရာ တို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။  

ဆက်လက်ဖတ်ရှုရန်

May 30, 2024

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကျင်းပရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်