Skip to main content

ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို တပ်မတော်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးဟု သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ၊ အမှတ် ၅ ရပ် ကွက်ရှိ  ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးသည်ဟု အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ ခေတ်သစ်မှ သတင်းတု၊ သတင်းမှားများကို ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယနေ့နံနက်ပိုင်းတွင် လေကြောင်းပျံသန်းမှုမရှိကြောင်း သိရှိရပြီး တပ်မှ ဗုံးကျဲသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများသည် သတင်းတုသတင်းမှားများကို အချိန်နှင့်တစ်ပြေးညီ ရေးသားဖြန့်ဝေလျက်ရှိပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဝါဒဖြန့်လှုံဆော်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။