Skip to main content

Aug 18, 2023

​​​​​​​၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော လျှပ်စစ် ဓာတ်အားများကို ပင်မဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းများတည်ဆောက်၍ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးကို ဩဂုတ် ၁၆ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိမြို့ရှိ Sofitel Angkor Phokeethra Golf & Spa Resort ဟိုတယ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၂)ကို “စီးပွားရေးစာချုပ်စာတမ်းများအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယမန်နေ့မွန်းလွဲပိုင်းက Grater Mekong Economic Corridor Governor Forum သို့ တက်ရောက်ရန် ရောက်ရှိနေကြသော လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့မှ အဖွဲ့ခေါင်းဆောင်များနှင့်အတူ ယူနန်ပြည်နယ်ကူမင်းမြို့ ဂွမ်ဒူးလွတ်လပ်သော ကုန်သွယ်မှုရှေ့ပြေးဇုန်နယ်မြေသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ်အမှတ် (၁၂) ယုံမှတ်အပ်နှံမှု အက်ဥပဒေ (The Trusts Act) စာအုပ်ကို ထုတ်ဝေလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍နျူကလီးယားနှင့် ဆက်စပ်နယ်ပယ်များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသော မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊ ရုရှားတက္ကသိုလ်များမှ ကိုယ်စားလှယ်များနှင့် ROSATOM မှ ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပန်ဟတ်ကျေးရွာတွင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း RBF ရန်ပုံငွေဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နွားစာအတွက် နေဗီယာမြက်များ တိုးချဲ့စိုက်ပျိုးရန်၊ နွားမျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် မျိုးချောင်းစနစ်ဖြင့် မျိုးစပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေနှင့်လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ ဒေသနေပြည်သူများအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ၊ ကျောင်းစုကျေးရွာ၊ တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ရှားတောကျေးရွာနှင့် အေးချမ်းသာစံပြကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ ဒသမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၇ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များ တဖွဲဖွဲလာရောက်ဖူးမြော်လျက်ရှိသည်ကို မြင်တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဩဂုတ် ၈ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်းဖွင့်လှစ်ထားရှိရာ ယနေ့ ဒသမမြောက်နေ့ ဩဂုတ် ၁၇ ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ တဖွဲဖွဲဖြင့်စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ကောင်းကင်ယံထက်မှ တိမ်စိုင်တိမ်လိပ်များကြားဝယ် သက်တော်ထင်ရှား မြတ်စွာဘုရားရှင် စံပယ်တော်မူနေသည့်အလား တည်ရှိနေသော သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားအဝေးမှ ဖူးမြင်ရသည်နှင့်ပင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မေတ္တာရိပ်က စိတ်ကြည်နူးချမ်းမြေ့မှုနှင့် စိတ်ငြိမ်းချမ်းမှုကို စတင်ပေးစွမ်းခဲ့လေပြီ။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန (NRTA) ၊ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းပြုလုပ်သည့် 4th Lancang-Mekong Audiovisual Week ဖွင့်ပွဲအခမ်းအနားကို ကူမင်းမြို့ရှိ ယူနန်မီဒီယာဂရု စတူဒီယိုခန်းမ(၁)၌ ဩဂုတ် ၁၆ ရက် ညပိုင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

GMS စီးပွားရေးစင်္ကြံဆိုင်ရာ အစိုးရတာဝန်ရှိသူများ အစည်းအဝေး - ၂၀၂၃ (2023 GMS Economic Corridor Governors Forum) ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ ယူနန်စီးပွားရေးဌာန ယုလန်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ရုရှားနိုင်ငံ မော်စကိုမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Video Message ပေးပို့၍ ပါဝင်တက်ရောက်ခဲ့ပြီး “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက်အရေးပါသော အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု”နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

​​​​​​​မြန်မာနိုင်ငံအတွင်းရှိ MSME များအား စားသောက်ကုန်ထုတ်လုပ် မှုနည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ်(၁)အရ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ ခြောက်မျိုးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် အထက်မြန်မာပြည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှ သင်တန်းသား သင်တန်းသူများအား စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ စံချိန်စံညွှန်းပြည့်မီ၍ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်စိုက်ပျိုးရေးထုတ်ကုန် အမယ်သစ်များ စနစ်တကျထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်သည့် အဆိုပါသင်တန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအချင်းချင်း ဖလှယ်ထားသော နည်းပညာများဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိ နေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၆-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၀၄၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ တိုင်းပြည်သာယာဝပြောရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုစေရန် တိုင်းရင်းသားနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပီပီကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်