နေပြည်တော် ဇန်နဝါရီ ၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တပ်ကုန်းမြို့နယ် သံပုရာကုန်းကျေးရွာအုပ်စု သဲချောင်းကျေးရွာအနီးတွင် နိုင်ထက်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီတွင် ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက် မင်းနန္ဒာလမ်းမကြီးနှင့် စက်ရုံလမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ အောင်ကျော်မိုး(ခ)တက်ခါးကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
သတင်းစဉ်