Skip to main content

(၆၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၆

(၆၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်စက်ပစ်ကွင်း၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိကြသူများ၊ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကိုယ်စားတိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ (၆၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၈ သင်းဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်