Skip to main content

စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ

နေပြည်တော် ဇန်နဝါရီ ၆

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု စာပဒေသာ ပထမဆုရ “မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)” ရေးသားသည့် “ရှေးမြို့ဟောင်းများသမိုင်း ခြေရာခံခရီးသွားလေ့လာရေး ဆောင်းပါးများ” စာအုပ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိသည်။

စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေဗိမာန် စာအုပ်အသင်း၊ အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့ ဖုန်း-၀၁-၂၄၉၀၃၁၊၃၈၁၄၄၈ တို့သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်