နေပြည်တော် ဖေဖော်ဝါရီ ၄
ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးဆေးကုသမှု ဆိုင်ရာလူနာ (၁၆၂) ဦး၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာလူနာ (၁၃၂) ဦး၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ (၁၃၇) ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၁၈) ဦး၊ အထွေထွေ ရောဂါ ဆေးပညာဆိုင်ရာလူနာ (၅၆၈) ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၆၁) ဦး၊ အသည်း ရောဂါဆိုင်ရာလူနာ (၂၉) ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါဆိုင်ရာလူနာ (၂၀၀) ဦး၊ ကလေး ကင်ဆာ ရောဂါဆိုင်ရာလူနာ (၈) ဦး၊ ကလေးဦးနှောက်နှင့်အာရုံကြောလူနာ (၅၉) ဦး၊ အရိုးအကြော အဆစ် ရောဂါဆိုင်ရာလူနာ (၂၃၆) ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၁,၆၁၀)ဦးကို ကြည့်ရှုကုသပေးနိုင် ခဲ့ပါသည်။
ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiogra phy) (၅၁) ဦး၊ အစာအိမ် မှန်ပြောင်းကြည့်ရှုခြင်း(OGD Scope) (၁၃) ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်း (Colonoscope) (၁) ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း (၃၅) ဦး၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ကူးခြင်း (၅) ဦး၊ သွေးချိုဓာတ် (HbA1C)တိုင်းတာခြင်း (၁၆၂) ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၃၁၃) ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း (၁,၁၃၃) ဦး၊ Ultrasound ရိုက်ကူးခြင်း (၁၂၈) ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၃၉၁)ဦး၊ အဆုတ်အမြှေးပါးအတွင်းမှ အရည်များထုတ်၍ ဓာတ်ခွဲစမ်းသပ်ခြင်း (၂) ဦး တို့အား စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ (၂၅) ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ (၁) ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ (၁) ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ (၂) ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၆) ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၃) ဦးတို့အား လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် မန္တလေးနှင့်နေပြည်တော်ရှိ သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အထူးကုဆေးကုသရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပါမောက္ခဒေါက်တာကျော်စိုးဝင်း၊ ပါမောက္ခ/ ဌာနမှူး (နှလုံးဆေးကု)နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးရောဂါဆေးကုဌာနမှ ဆရာဝန်/သူနာပြုများပါဝင်သောအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနရုံး၌ အခြေခံအသက်ကယ်ကုသမှုသင်တန်း (Basic Life Support Training)ကို ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများမှ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၀၈) ဦး တက်ရောက်ခဲ့ကြပါသည်။ ထို့ပြင် ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ပါမောက္ခ(ဆီးချိုနှင့်ဟော်မုန်း) ပါမောက္ခဒေါက်တာနီနီလှိုင်သည် ဆီးချိုသွေးချိုရောဂါအကြောင်းသိကောင်းစရာများကို လာရောက်ပြသသော လူနာများအား အသိပညာပေးဟောပြောနိုင်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် လာရောက်ပြသကုသမှုခံယူကြသော လူနာများအား ကြည့်ရှုအားပေးပြီး ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ ဒေသထွက်လက်ဆောင်များပေးအပ်ခြင်း၊ ညစာအတူသုံးဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅) ကြိမ်၊ ၂၀၂၄ ခုနှစ် အတွင်း တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့နှင့် ယခု မကွေးမြို့တို့၌ ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။