နေပြည်တော် ဖေဖော်ဝါရီ ၄
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၀ ဦး လွတ်ရက်စေ့သော်လည်း အကျဉ်းထောင်မှ လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ မတရားဆက်လက်ဖမ်းဆီးထားကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ ကောလာဟလသတင်းနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “လွိုင်ကော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ရက်ပြီးဆုံး၍ လွတ်မြောက်ပြီး ဖြစ်သော်လည်း ခရီးသွားပို့ဆောင်ရေးယာဉ်များ ပြေးဆွဲခြင်းမရှိခြင်းကြောင့် ၎င်းတို့ကို ဥပဒေနှင့်အညီ လက်ခံကျွေးမွေးထားရှိပြီး လွတ်လပ်စွာနေထိုင်ခွင့်ပြုထားပါကြောင်း၊ နေရပ်အသီးသီးသို့ အဆင်ပြေချောမွေ့စွာနဲ့ပြန်နိုင်ရေးအတွက်လည်း တာဝန်ရှိသူများအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကျဉ်းထောင်က လွတ်ပြီးသော်လည်း ပြန်ရန် အဆင်မပြေသေးပါက ကျွေးမွေးစောင့်ရှောက်ထားရန်ဥပဒေတွင် ပြဌာန်းထားရှိကြောင်းနှင့် ၎င်းတို့ကို မတရားချုပ်နှောင်ထားခြင်း မရှိပါကြောင်း” သိရှိရပါသည်။
တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် အနောက်နိုင်ငံများအလိုကျ နိုင်ငံအတွင်း ဆူပူသောင်းကျန်းမှုများဖြင့် တည်ငြိမ်အေးချမ်းမှုမရှိစေရန် ဦးတည်လုပ်ဆောင်နေပြီး အကြောင်းအရာမျိုးစုံကို မဟုတ်မမှန်ရေးသားကာ ပြည်သူများအား အထင်အမြင်လွှဲမှားစေရန်နှင့် ကြောက်ရွံ့ထိတ်လန့်လာစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံကာသတင်းအမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။