Skip to main content

သင်္ဃန်းညီနောင်တွင် တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရဟု မဟုတ်မမှန်သတင်းများကို ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီလ ၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းပိုင်း၌ တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ KNLA သောင်းကျန်းသူဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များက တပ်၊ စခန်းများကို အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်မှုကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံပြည်သူများထိမှန် သေဆုံးရခြင်းဖြစ်ပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက တပ်မတော်ကပစ်ခတ်သည်ဟု သတင်းမှားများ လုပ်ကြံရေးသားကာ ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။