Skip to main content

ကော့ကရိတ်မြို့နယ်၊ မိတန်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီလ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျိုက်ဒုံမြို့အနီး မိတန်ကျေးရွာ စာသင်ကျောင်းဝင်းအတွင်းကို ပေါင် ၅၀၀ ဗုံး ၃ လုံးဖြင့် လာရောက်ဗုံးကျဲပစ်ခတ်ခဲ့ရာ ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့သည်ဟု မဟုတ်မမှန်သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စုံစမ်းသိရှိရသောသတင်းများအရ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်အတွင်း လေယာဉ်ပျံသန်းမှုမရှိကြောင်းနှင့် တပ်မတော်မှ အဆိုပါမိတန်ရွာအား ဗုံးကြဲတိုက်ခိုက်သည်ဆိုသည်မှာ သတင်းမှားသာဖြစ်ပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေနိုင်သော အခြေအမြစ်မရှိသည့် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်လွှင့်ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။