Skip to main content

ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာမှ ပြည်သူနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သတင်းအမှားများကို လုပ်ကြံရေးသားဝါဒဖြန့်ချိလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာမှ ပြည်သူနှစ်ဦးကို ဖေဖော်ဝါရီ ၆ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်သွားခဲ့ကြောင်းကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောကြားခဲ့သည်ဟု သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ၎င်းတို့ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်နေမှုများ သတင်းပေါက်ကြားခဲ့သည်ဟု အကြောင်းပြချက်ဖြင့် အဆိုပါ ကုက္ကိုစုကျေးရွာမှ ရွာသားများကို ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ရွာသားနှစ်ဦးကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်သွားခဲ့ကြောင်း အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့် ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ပြည်သူ လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်