နေပြည်တော် ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကန်ဆွယ်ကျေးရွာကို ဖေဖော်ဝါရီ ၅ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကန်ဆွယ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတင်ရှို့နေပြီး ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသည့် ပြည်သူ ၃၀၀ ခန့်ကိုလည်း ဓားစာခံများအဖြစ် ဖမ်းဆီးထားရှိကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လိမ်လည်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးထံ ဆက်သွယ်မေးမြန်း ပြောကြားချက်အရ ၎င်းရက်နေ့တွင် ကန်ဆွယ်ကျေးရွာအနီး၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းကြောင့် သိရှိရပြီး ဒေသခံပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်းမရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများမှ မြေပြင်ဖြစ်စဉ်သတင်းများကို အခြေခံကာ ပြည်သူများအား သတင်းအမှန်များချပြရေးသားခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် သတင်းတု၊ သတင်းမှားများဖြင့် လိမ်လည်ရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်