Oct 04, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနရှိ အမှုထမ်းဝန်ထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 04, 2023
ဩဂုတ် ၄ ရက်က မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်စာသင် ဆောင်အားတစ်ထပ်ကျောင်းဆောင်အဖြစ်နှင့် သုံးထပ်စာသင်ဆောင်အား နှစ်ထပ်ကျောင်းဆောင်အဖြစ် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Oct 04, 2023
ကယားပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ထေးသမရပ်ကွက် ဒေါဆော်ဘီးကျေးရွာသို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူဦးရေနှင့်အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင် စာရင်းအားတစ်အိမ်တက်ဆင်း ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
Oct 04, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
Oct 04, 2023
ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုး သိန်းနှင့်ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများသည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကျီစုအရှေ့ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များပူးပေါင်း၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါ အဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
Oct 04, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် စက်တင်ဘာ ၃၀ ရက်က မုဒုံမြို့နယ်ရှိ Honda (Myanmar) International Co.,Ltd ရော်ဘာပင်အို ကုန်ကြမ်းအသုံးပြု သစ်အကြမ်းထည်စက်ရုံသို့ ရောက်ရှိပြီး သစ်ပါးလွှာ၊ ဘန်းဆောခွဲသား၊ ဘလော့ဘုတ် သစ်ခွဲသားနှင့်လွှစာမှုန့်ဖြင့် ထင်းအစားထိုးလောင်စာတောင့်များ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
Oct 04, 2023
တရုတ်နိုင်ငံ၌ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ ၃ ရက်က ဆက်လက်ကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်း ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။
Oct 04, 2023
တောင်သူများ၏ လူမှုစီးပွားဘဝ ပြောင်းလဲတိုးတက်လာရေးနှင့် လယ်ယာထွက်ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေးအတွက် သီးနှံအရည်အသွေး ပြည့်မီကောင်းမွန်ရန် လိုအပ်သည့်အပြင် ကုန်သွယ်ဖက်နိုင်ငံ၏ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အပင်ပိုးမွှားကင်းရှင်းရေး အစီအမံများ (Sanitary and Phytosanitary- SPS) ဆိုင်ရာ လိုအပ်ချက်များအား ပြည့်မီစွာ ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မဲခေါင်- လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းအောင်မြင် ပြီးမြောက်သည့် အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
Oct 04, 2023
အစိုးရ - ပုဂ္ဂလိက Technical Group နှင့် Hybrid စနစ်ဖြင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
Oct 04, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) လေးလမ်းသွား တံတားသစ်တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေး ဝဲ/ ယာ တစ်လျှောက် သစ်ပင်များစိုက်ပျိုးထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Oct 04, 2023
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက် ဒေသစံတော်ချိန် ၆ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့ အားကစားရွာသို့ရောက်ရှိပြီး (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နဂါးလှေလှော် (Dragon Boat) မြန်မာအသင်းကို တွေ့ဆုံအားပေးစကားပြောကြားကာ ဝမ်းကျိုးမြို့သို့ ဆက်လက်ထွက်ခွာမည့် မြန်မာ လှေလှော်အသင်းကို ပို့ဆောင်နှုတ်ဆက်သည်။
Oct 04, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မန္တလေးကလေးပြုစုရေးဌာန၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Oct 04, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
Oct 04, 2023
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက် “သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်း နိုင်ရေးစိစစ်ရေးအဖွဲ့”၏ ဂုဏ်အင်္ဂါအရည်အချင်း စိစစ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)
Oct 04, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Nyingchi မြို့၌ အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိကျင်းပမည့် တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှတရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။
Oct 04, 2023
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့်ပြုပြီးသော ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ သတ်မှတ်ချက်များနှင့်အညီ စည်းရုံးရရှိထားသည့် ပါတီဝင်အင်အားများကို ပူးပေါင်းစစ်ဆေးရမည့် ဌာနဆိုင်ရာများ၊ အစစ်ဆေးခံရမည့် နိုင်ငံရေးပါတီများမှ တာဝန်ခံများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။