Skip to main content

Feb 16, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng E70 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX α S အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

Zeya & Associates Co.,Ltd မှ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနရှိ ဆေးတက္ကသိုလ်ငါးခုတွင် အသုံးပြုရန် မှန်ပြောင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် သင်ကြားရေး အထောက်အကူပြု မှန်ပြောင်းကြည့် ခွဲစိတ်ကုသမှုနည်းပညာ လေ့ကျင့်ရေးစက် (Laparoscopic Simulator) ငါးစုံ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနကကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်မည့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားအရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေး စီမံကိန်း (Project on Strengthening National Quality Infrastructure and Implementation of National Certification Body for Certifying Products, Processes and Services) စတင်ခြင်းအခမ်းအနားနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံဆွေးနွေးခြင်းဖိုရမ် (Stakeholders Engagement Forum on Standards and Qua-lity for Trade Facilitation and Industry Development) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ MERCURE ဟိုတယ်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကျောင်းကုန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၀ မှ ပြည်သူ ၆၂၄ ဦး၊ ဖျာပုံမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၅ ခုမှ ပြည်သူ ၇၀၀ စုစုပေါင်း ၁၃၂၄ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) သို့ရောက်ရှိရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက နည်းပညာပိုင်းဆိုင်ရာ စိစစ်ရေးအဖွဲ့၏ အစီရင်ခံစာအရ ဆောင်ရွက်ရမည့် လုပ်ငန်း ၄၆၁ ချက်နှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်း ၁၉၁ ချက်တို့နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအခြေအနေ၊ အောက်ဆီဂျင်ထုတ်လုပ်ရေး အလုပ်ရုံတွင် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၁၉) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများအား လုပ်ငန်းဆိုင်ရာအသိပညာမြှင့်တင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

အားလုံးမင်္ဂလာပါဗျာ။ ဒီနေ့ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ကောလာဟလတွေ၊ ဒီအပေါ်မှာဖြစ်ပေါ်နေတဲ့ လုပ်ကြံဖန်တီးမှုတွေ၊ ပြီးရင်စိုးရိမ်ထိတ်လန့်မှုပေါ့။ ဒါတွေအတွက် ကျွန်တော်တို့အနေနဲ့ ပြောကြားဖို့ရှိတာလေးတွေကို မိဘပြည်သူများ အားလုံး၊ လူငယ်လူရွယ်များအားလုံး သိရှိစေဖို့အတွက် ကျွန်တော်တို့ ပြောကြားသွားမှာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထူးချွန်ဆုရရှိသော ဝန်ထမ်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များဆိုင်ရာဆွေးနွေးပွဲကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်‌နောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်ရာမှ ခေတ္တပြန်လည် ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ဒေသတွင်းစားရေရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေး ခန်းမ၌ကျင်းပရာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောမီဒီယာဌာနကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်တွေ့ဆုံပြီး သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်ချစ်စိတ်ဖြင့် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ယနေ့မြန်မာနိုင်ငံတွင် ပြည်သူအများစု သတင်းရယူကြသည့် မီဒီယာဟုဆိုလျှင် လူမှုကွန်ရက်များက အဓိကဖြစ်နေသည်။ တရားဝင်ထုတ်ဝေထုတ်လွှင့် ဖြန့်ချိနေကြသည့် နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကပိုင်မီဒီယာများထက် အခြေအမြစ်မဲ့၊ အထောက်အထားမဲ့၊ ကျင့်ဝတ်မဲ့ ရေးသားဖော်ပြနေကြသည့် သတင်းတု၊ သတင်းမှားများက ပိုမို၍လျင်လျင်မြန်မြန်၊ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေကြသည်ကို တွေ့ရသည်။ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလိုက်သည့် သတင်းတု၊ သတင်းမှားများကို အဆင်ခြင်မဲ့ ယုံကြည်မိခြင်းကြောင့် မှားယွင်းသည့် အတွေးအခေါ်၊ အယူအဆများ ဖြစ်ပေါ် စေနိုင်ပြီး ဆုံးဖြတ်ချက်များ၊ အပြုအမူများ လွဲမှားနိုင်သည်ကို သတိရှိကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏ အနောက်မြောက်ဘက်ရေမိုင် ၂၁ မိုင်အကွာ၌ ကောင်းကောင်း အမည်ရှိ ကင်းမွန်မီးထွန်း လှေတစ်စီးရေဝင်နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ကယ်ဆယ်ရန်သွားရောက်ရှာဖွေရာ လှေအားမတွေ့ရှိဘဲ အမှတ်အသားပြ ဘွိုင်ကိုသာတွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်အား ဆက်လက်လိုက်လံရှာဖွေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်