Skip to main content

Nov 17, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ အမှုထမ်းအရာထမ်းများ၏ ပြည်ပဆွေးနွေးပွဲအတွေ့အကြုံများ ပြန်လည်ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ၏ သဘောထားထုတ်ပြန်ချက်

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကြီးမှူး၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အထောက်အပံ့ဖြင့် ပြုလုပ်သော ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ အားလုံးပါဝင်၍ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အစီအမံများရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) နေပြည်တော်၌ကျင်းပရာ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း တက်ရောက်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

၁။ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာဆိုသည်မှာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရောနစ်နှင့် အခြားနည်းပညာတစ်ရပ်ရပ်ဖြင့် ဖန်တီး၍ ထုတ်ဝေလိုက်သည့် စာတို့အပြင် ယင်းတို့နှင့် အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာသော ပုံသဏ္ဌာန် ရှိသည့်အရာ သို့မဟုတ် ပုံအားဖြင့် သော်လည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် MEVM စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ရွာမကျေးရွာအုပ်စု ချိုင်းကျေးရွာအုပ်စုနှင့် ရန်အောင်မြင်ကျေးရွာ အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

၂၀၂၃ ခုနှစ် ရပ်ဝန်းနှင့် ပိုးလမ်းမဘေးအန္တရာယ် လျှော့ချရေးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီး များအဆင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဖိုရမ် (The 2023 Belt and Road Ministerial Forum for International Cooperation in Disaster Risk Reduction and Emergency Management) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင်၍ Online မှတစ်ဆင့် ယနေ့တွင် ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဆပ်ပြာရည်ထုတ်လုပ်ခြင်း သင်တန်း၊ Bakery မုန့်ပြုလုပ်နည်း သင်တန်းဆင်းပွဲနှင့် ထူးချွန်သူများ လုပ်ငန်းသုံး ပစ္စည်းများပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

ဒီနေ့မှာတော့ တရုတ်နိုင်ငံဘက်က အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးဖို့ ဝရမ်းထုတ်ပြန်ထားတဲ့ မြီရှောက်ချန်း ဦးစီးလေးယောက်၊ ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရအနေနဲ့လည်း တရုတ်နိုင်ငံက ဖမ်းဆီးဖို့အတွက် ထုတ်ပြန်ပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ တရားဝင်ဖမ်းဝရမ်းထုတ်ဆင့်ပြီးတော့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလေးယောက်အထဲမှာမှ ဒီနေ့လောက်ကိုင်မှာပဲ မြီရှောက်ချန်း၊ မြီကော်ဖျင်း၊ မြီကျိန်းကျိန်းတို့ကို မြန်မာ့တပ်မတော်အနေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးတဲ့အချိန်မှာတော့

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို ရည်ရွယ်ပြီး (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်စာပေအနု ပညာပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ဒီဇင်ဘာ ၂၀ မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

တပ်မတော်သည် တိုင်းပြည်အေးချမ်းသာယာဝပြောရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်း စိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF တို့သည် တိုင်းပြည်အလုံးစုံပျက်စီးရေးကို ကြံစည်လုပ်ဆောင်နေကြသည်။ တိုင်းပြည်ပျက်စီး ရေးကို လုပ်ဆောင်နေကြသည့် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများအား တိုင်းရင်း သားပြည်သူ တစ်ရပ်လုံးက ဆန့်ကျင်ရှုတ်ချနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသည် ယာဉ်နှင့်လမ်းတို့ကို နေ့စဉ်မဖြစ်မနေ အသုံးပြုနေကြရသူများ အန္တရာယ်မကျရောက်စေရေးအတွက် ချမှတ်ထားခြင်းဖြစ်ပြီး မပျက်မကွက် လိုက်နာကျင့်သုံးကြရန်လည်းလိုသည်။ ခေတ်နှင့်အညီ စက်တပ်ယာဉ်များကို ပိုမိုသုံးစွဲလာသည်နှင့်အမျှ အန္တရာယ်ဖြစ်ပေါ်နိုင်သည့်အခြေအနေ ပိုမိုမြင့်မား လျက်ရှိရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့ကို လိုက်နာကြမှသာလျှင် ဘေးအန္တရာယ်ဖြစ်ပွားမှု လျှော့ချ နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများနှင့် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင် များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2023

ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့် ငွေများလာရောက် ဂုဏ်ပြုချီးမြှင့်ပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2023

“ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ ယင်းအမှုများနှင့် ဆက်စပ်ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်နေသဖြင့် ပယ်ရင်ချန်(ဘ)ဦးပယ်စောက်ချိန် (ပန်ဆော့ချိန်)

ဆက်လက်ဖတ်ရှုရန်

Nov 16, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၃ ခုနှစ်) (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၅၆ / ၂၀၂၃) ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက် (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)

ဆက်လက်ဖတ်ရှုရန်

Nov 16, 2023

ယခုလတ်တလောကာလတွင် အများပြည်သူအကျိုးစီးပွားပျက်စီးစေရန် မသမာသူလူတစ်စုက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သောသတင်းမှားများသာ ဖြစ်ကြပါသည်။ အလားတူ အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင် ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းမှား များဖြစ်ကြပါသည်။

ဆက်လက်ဖတ်ရှုရန်