Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်

နေပြည်တော် မတ် ၁

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ မြန်မာ့ရိုးရာဓလေ့များကို ထိန်းသိမ်းတန်ဖိုးထားတတ်စေရန်၊ ကြိုတင်ပြင်ဆင်မှုနှင့် စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများရရှိစေရန်၊ လုပ်ငန်းခွင်အတွင်း စည်းလုံးညီညွတ်ပျော်ရွှင်စွာဖြင့် ကြိုးစားယှဉ်ပြိုင်ကြရန် ရည်ရွယ်ချက်များဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ ပျော်ရွှင်စွာ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများသည် ပြည်ထောင်စုဝန်ကြီးရုံးနှင့် လက်အောက်ဌာနများမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းတို့၏ စည်းလုံးညီညွတ်စွာဖြင့် တပျော်တပါး စုပေါင်းထမနဲထိုးယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြပြီး ဆုရရှိကြသည့်အသင်းများကို ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။                

သတင်းစဉ်