Skip to main content

စစ်မှုထမ်းဆောင်ရန် ကျောက်ဖြူမြို့နယ်ရှိ မွတ်စလင်တစ်ရာကျော်ကို တပ်မတော်က ဖမ်းဆီးထားကြောင်းနှင့် နေပြည်တော်၊ မန္တလေးတိုင်းတို့တွင် ပြည်သူများ စစ်မှုထမ်းကြရန် စည်းရုံးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း စသည့် သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားအရွယ် မွတ်စလင် ၁၀၇ ဦးကို ကျောက်ဖြူ အခြေစိုက် ခလရ (၅၄၂) က ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲပိုင်းတွင် ဆန္ဒမပါဘဲ အဓမ္မဖမ်းဆီးသွားသည်ဟု မဟုတ်မမှန် သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အထက်ပါသတင်းနှင့်ပတ်သက်၍ ကျောက်ဖြူမြို့ရှိ သက်ဆိုင်ရာ တာဝန်ရှိတစ်ဦး၏ ပြောကြားချက်အရ မည်သူ့ကိုမျှ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ စစ်သားစုဆောင်းခြင်းများမရှိကြောင်းနှင့် အဆိုပါသတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။

အလားတူ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ စစ်မှုထမ်းကြရန် စည်းရုံးလှုံ့ဆော်နေကြပြီး သန်းခေါင်စာရင်း စစ်ဆေးမှုများကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြသည်ဟု ကောလာဟလသတင်းများကို အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ Khit Thit မှ လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူလူထုမှ သဘောပေါက်နားလည်စေရန် သက်ဆိုင်ရာဌာနများမှ အသိပညာပေး ဆောင်ရွက်နေမှုများအပေါ် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ပြည်သူလူထု အထင်အမြင်လွဲမှားအောင် မဟုတ်မမှန်သတင်းများကို အချိန်ကိုက် ဝါဒဖြန့်ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းနှင့် ကောလာဟလသတင်းများကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရန်နှင့် သိရှိနားလည်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို နိုင်ငံပိုင်မီဒီယာများမှတဆင့် ထုတ်ပြန်ကြေငြာထားရှိကြောင်း သတင်းရရှိသည်။