Skip to main content

Nov 23, 2023

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့၊ ကျောင်းခမ်းဘုန်းကြီးကျောင်းထဲတွင် တိုက်ပွဲရှောင် တစ်ထောင်ကျော်ပိတ်မိနေကြောင်းနှင့် အဆိုပါနေရာသို့ ရိက္ခာတင်သွင်းခွင့်ကို တပ်မတော်ကပိတ်ပင်ထားသည်ဟု Social Media များ၌ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

ဘဏ်ငွေထုတ်ရာ၌ ကန့်သတ်မှုများရှိနေသည်ဟု ငွေထုတ်ယူသူများထံမှ သိရှိရသည်ဟူသော သတင်းမှားများအား ပြည်ဖျက်မီဒီယာများက Social Media များ၌ ဖြန့်ဝေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှ လူပျောက်ကြော်ငြာများကြောင့် ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည်ဟုဆိုပြီး မြို့နယ်အချို့တွင် ညပိုင်းလမ်းမများအပေါ် လူအသွားအလာယခင်ကထက် နည်းပါးလာကြောင်း၊ ညမှောင်သည်နှင့် ယခင်ကကဲ့သို့ လူသိပ်မရှိတော့ကြောင်း၊ ဈေးဆိုင်များလည်း စောစောသိမ်းလာကြောင်းနှင့် အလုပ်သမားများလည်း စောစောပြန်ကြသည်ဟု ကောလာဟလ မမှန်သတင်းများ ရေးသားထုတ်လွှင့်၍ အများပြည်သူကြောက်ရွံ့ထိတ်လန့်စေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်းသို့ နိုဝင်ဘာ ၂၁ ရက်ညနေပိုင်းတွင် တပ်မတော်မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြောင်းကို လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာရွာအနီးသို့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက နိုဝင်ဘာလ ၂၀ ရက် ညပိုင်းတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

တပ်မတော်မြတ်နိုးသူများ၊ မျိုးချစ်အဖွဲ့များစုပေါင်း၍ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်သူများအား ရှုတ်ချပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစပယ်အစိုးရ နိုင်ငံ ခြားရေးရာဌာန၏ ဖိတ်ကြားချက် အရ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့် မြို့၌ ကျင်းပမည့် ၂၀၂၃ စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေးဖိုရမ် (2023 Sichuan-Chongqing & Mekong Coun- tries Sub-national Cooperation Forum) သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

(၅၂)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာ သီရိဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Hybrid စနစ်ဖြင့် လက်ခံကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၂၃/၁)ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) လေးလမ်းသွားတံတားသစ် တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် ဘောဂသီရိ အဝေးပြေးကားဝင်းကြားရှိလမ်းဆုံ (Junction)တွင် ယာဉ်သွားလာမှု စနစ်တကျဖြစ် စေရေးအတွက် လမ်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတစ်ရပ် အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိရာယနေ့တွင် လယ်ဝေးမြို့နယ်၌ ပထမနေ့အဖြစ် လယ်ဝေးမြို့နယ် စည်ပင်သာယာရေးကော်မတီ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် အမျိုးသား ရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည့် မျိုးဆက်သစ်အင်ဂျင်နီယာကောင်းများကို အရည်အသွေးပြည့်မီစွာ မွေးထုတ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နည်းပညာ တက္ကသိုလ်များတွင် လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ စိန့်ပီတာစဘတ်မြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် “(၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာယဉ် ကျေးမှုဖိုရမ်” သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားမြှင့်တင်နိုင်ရေးအတွက် အဓိကကျသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို နိုင်ငံတော်က အားပေးလျက်ရှိသည်။ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည်လည်း ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်မှုစွမ်းရည်မြင့်မားစေရန် လုပ်ငန်းရှင်များက ကြိုးစားဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ ဆုရရှိသူများအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်